(1)Unicode

848 65 25
                                    


သက္ကရာဇ် 2070 ၊ စွန့်ပစ်ကျောက်မီးသွေးတွင်းတစ်နေရာဝယ်...

ကျွိ ကျွိ ဂလွမ်!

စက်ယန္တရားအပျက်အစီးပုံထဲကနေ အဝါရောင်အရိပ်လေးတစ်ခု တိုးထွက်လာတယ်။သေသေချာချာကြည့်လိုက်မယ်ဆိုရင်တော့ မီနီမြေတူးစက်ကလေးတစ်ခုမှန်း သဘောပေါက်သွားမှာပဲဖြစ်ပါတယ်။

ကျွီ...ဂျစ် ဂျစ် ဂျစ်..."

မြေတူးစက်ကလေး အပျက်အစီးပုံနဲ့ဝေးရာဆီ တအိအိ လှမ်းလာတယ်ဆိုရင်ပဲ အသံစုံထွက်လာတော့တာပဲ။သူ့ရဲ့ချိန်းကြိုးဘီးတွေကိုတောင် ရွေ့အောင် မနည်းရုန်းနေရပြီရယ်။အိပ်ချင်မူးတူးနဲ့မို့ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ခဏအကြာမှာတော့ မြေတူးစက်ကလေး လုံးလုံးလျားလျားနိုးကြားသွားရပြီပဲဖြစ်ပါတယ်။

ဂလောက်! ချွင်!

"ဟင်"

သူ့ချိန်းကြိုးဘီးရဲ့ မူလီတစ်လုံးပြုတ်ထွက်သွားတာမို့ မြေတူးစက်ကလေး ပျာပျာသလဲဖြစ်သွားရတယ်။သူ့ရဲ့ မီးသီးမျက်လုံးတွေဆို ပြူးကျယ်ကုန်ရောပဲ။အလျင်စလိုနဲ့ လှည့်ပတ်ရှာဖို့ပြင်လိုက်ပေမဲ့ သူကောင်းကောင်းမလှုပ်ရှားနိုင်ဘူး။သေချာတာက သူ့ရဲ့ဆုံလည်ကိုယ်ထည်တစ်နေရာမှာ မှားယွင်းနေတာပဲ။ တစ်ခုခုညပ်နေသလိုမျိုးမို့ အလွယ်တကူ လှည့်မရဖြစ်နေတာရယ်။

"ဟင်းး"

ကူကယ်ရာမဲ့အနေအထားမှာ သက်ပြင်းချရုံကလွဲလို့ မတတ်နိုင်ဘူး။သူ့အနီးတစ်ဝိုက်မှာ သုံးမရတော့တဲ့ ယန္တရားတွေပဲရှိနေတယ်။ တစ်ချိန်က တက်ညီလက်ညီရှိခဲ့ကြတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေပေါ့။အခုကျ ဒီကျောက်မီးသွေးမိုင်းတွင်းမှာ ယန္တရားဆိုလို့ သူပဲရှိတော့တယ်။

ကမ္ဘာကြီးက အတော်လေး ပူနွေးလာနေပြီ။လူသားတွေရဲ့ ပယောဂကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေပေါ်ပေါက်လာတယ်။ရေထုရော လေထုပါ ညစ်ညမ်းရုံတင်မက သစ်တောတွေပါပြုန်းတီးလာတယ်။ သဘာဝသယံဇာတတွေဆိုလည်း ကုန်လုနီးနီးပဲ။

ဒါကြောင့်လည်း အစိုးရအနေနဲ့ သဘာဝသယံဇာတတွေ နောက်ထပ်မပျက်စီးရအောင် ကြိုးပမ်းနေတယ်။ဒီနှစ်တွေ အတောအတွင်းမှာ မြေအောက်စွမ်းအင်ကိုချွေတာသုံးစွဲပြီး ဆိုလာစနစ်ကိုပဲ အဓိကသုံးစွဲတော့တဲ့အထိပဲ။ရေသယံဇာတ၊ မြေသယံဇာတကို ထိခိုက်စေတဲ့ လုပ်ငန်းမှန်သမျှကို ပိတ်သိမ်းပြီး ဥပဒေအရကိုင်တွယ်ခဲ့ပါတယ်။

ᴡᴀʀᴍᴛʜ (ရပ်နား)Where stories live. Discover now