(3)Unicode

180 32 5
                                    

သူတို့အခု မိုင်းတွင်းဟောင်းလေးထဲမှာ မိုးခိုနေကြတယ်။မိုးသံပေးလာတာနဲ့တစ်ပြိုင်နက် နီးစပ်ရာဆီ ​ဝင်ပြေးခဲ့ကြတာပဲဖြစ်တယ်။မိုင်းတွင်းက ခပ်ကျဉ္းကျဉ္းမို့ သူတို့ခန္ဓာကိုယ်တွေဆို ပူးကပ်နေရောပဲ။နည်းနည်းလေးလှုပ်လိုက်ရုံနဲ့ သံကိုယ်ထည်ချင်းပွတ်တိုက်သံတွေ ထွက်ပေါ်နေပြီပဲဖြစ်ပါတယ်။

ဂျစ် ဂျစ်!

"ဆောရီး"

မြေညှိစက်ရဲ့အသံဩဩကြောင့် မြေတူးစက်ကလေးရဲ့ မီးသီးမျက်လုံးလေးတွေဖလပ်ခနဲဖြစ်သွားတယ်။ သူက တစ်လျှောက်လုံးမူးဝေနေခဲ့တာမို့ ​အခုချိန်မှာ မြေသားနံရံကို မှီထားရတာပဲဖြစ်တယ်။ မြေညှိစက်နဲ့ထိခတ်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ဝါဝါလေးဟာ နံရံထဲနစ်ဝင်သွားခါနီးနီးရယ်။

မိုင်းတွင်းဝကနေ လှမ်းမြင်ရတဲ့ ပတ်ဝန်းကျင်ဟာ အက်စစ်မိုးကြားမှာ ဝေဝါးနေလေရဲ့။မြေတူးစက်ကလေးက အက်စစ်မိုးကို သိပ်ကြောက်တယ်။ဘာလို့ဆို အက်စစ်မိုးက သူ့ရဲ့ခန္ဓာကိုယ်ကို သံချေးတက်စေတာမို့ပါပဲ။သံချေးကွက် ထင်းထင်းကြီးနဲ့ဆို သူရုပ်ဆိုးသွားမှာသေချာတယ်။

အက်စစ်မိုးဟာ မြေဆီလွှာဖွဲ့စည်းမှုကိုထိခိုက်စေသလို လူသားတွေရဲ့ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်။ လမ်းတံတားအဆောက်အဦးတွေဆို ဆေးကွာတာမျိုး၊ သံချေးတက်တာမျိုးဖြစ်စေပြီး ပျက်စီးဆုံးရှုံးစေပါတယ်။ဒီမိုးက မီးတောင်ပေါက်ကွဲတာမျိုး​လို သဘာဝတရားကြောင့် ရွာတတ်တာမျိုးရှိပေမဲ့ အခုကတော့ သေချာပေါက် လူသားတွေရဲ့ပယောဂ​ကြောင့် လေထုညစ်ညမ်းပြီး ရွာနေတဲ့မိုးပဲဖြစ်ပါတယ်။

ခါတိုင်းဆို သူက မိုင်းတွင်းအောက်ခြေဘက်မှာမို့ အက်စစ်မိုးရွာနေချိန်ကို ခုလိုငေးမကြည့်ဖူးဘူးရယ်။ဘော့စ်နဲ့ လုပ်သားကြီးကြပ်သူတွေက စက်ယန္တရားတွေကို သံချေးမတက်စေလိုတာမို့ ​မိုင်းတွင်းပျက်တွေထဲ အမြန်ထိုးသိပ်ထည့်ပြီးသိမ်းလေ့ရှိကြတယ်။သူ့လို မြေတူးစက်သေးသေးလေးဆို ပြွတ်သိပ်နေတဲ့မြေတူးစက်အရွယ်စုံတွေကြားမှာ ကျပ်ညပ်နေရောပဲ။

ᴡᴀʀᴍᴛʜ (ရပ်နား)Where stories live. Discover now