အပြင်လောကမှာသာသာယာယာဖြစ်နေပေမဲ့ ဟီဆွန်းတို့အိမ်မှာတော့ ထိုသို့မဟုတ်ခဲ့ပေ။
ဘာကြောင့်လည်းဆို အိမ်ရဲ့ဆည်းလည်းလေးက နေမကောင်းဖြစ်ပြီး ဖျားနေခြင်းကြောင့်ပင်။
"ကလေးက ကိုယ်ပူလုံးဝမကျဘူးကွာ။
ဆေးရုံသွားကြမယ် နူနူး""သွားမယ်လေ။
ဟုတ်တယ် ကြာရင် ကလေးပိုပင်ပန်းမယ်။
နေအုံး ကျွန်တော်လိုတာလေးတွေထည့်လိုက်အုံးမယ်""အင်း"
အင်းတစ်လုံးသာပါးစပ်ကထွက်နိုင်ပြီး အကြည့်တွေကတော့ လက်ထဲက သားသားဆီမှာ။
ဟီဆွန်းရဲ့အမှားတွေပါပဲ။ ကလေးကို ရင်ပြည့်စာကျွေးထားတာကိုမေ့ပြီး ဂျုံဆောင်းတို့နဲ့ ရေကစားဖို့ ထည့်ပေးမိတာ။
ပြန်လာတော့ သားသားက ဆော့ထားလို့ပင်ပန်းတဲ့အရှိန်ရော။အအေးမိလိုက်တာရာ။အစားမှားတာကောကြောင့် အကုန်စုံသွားပြီး နေမကောင်းတွေဖြစ်တော့တာပဲ။
"ပါး ကလေးလေးရယ် အရမ်းပင်ပန်းနေပြီ ခဏလေးသည်းခံနော် ပါးတို့ ဆေးရုံသွားကြမယ်လေနော်"
ဖင်လေးကိုပုတ်ရင်း ပါးစပ်ကပြောလိုက်တော့ မျက်လုံးလေးမှိတ်ပြီးမှေးနေရာကနေ မျက်လုံးဖွင့်ကြည့်လာသည်။
"ကိုကြီး သွားကြမယ်။
အရင်ဆုံးဒါလေးပဲယူသွားကြမယ်။
ဟိုက အခြေအနသေချာသိရမှ ထပ်လာယူမယ်လေ""အင်း နူနူး ရရဲ့လား "
"ရတယ် ခဏတော့စောင့်အုံး ဝန်းကိုဖုန်းဆက်ထားတယ် ။
အခုလာခဲ့မယ်တဲ့""အင်းပါ"
ထိုတစ်ခွန်းတည်းပြောကာ သားမျက်နှာတစ်ကြည့်ကြည့်ဖြင့် ပြန်ငြိမ်သွားပြန်တဲ့သူ့အစ်ကိုက သားဇောနဲ့ မျက်နှာလည်းမကောင်းရှာ။
"တအားလည်းစိတ်မပူပါနဲ့ဗျာ။
ကျွန်တော်တို့ဖက်တီးက အားသန်တဲ့ကလေးပဲကို သက်သာသွားမှာပါ""ဟုတ်ပါပြီ နူနူးရယ် ကိုကြီးသိပါတယ်။
သားသားက ဘယ်လောက်သန်မာလိုက်တဲ့ကလေးမို့လည်း။""အင်းလေ လိမ္မော်သီးတောင်အခွံခွာမပေးလို့ အလုံးလိုက်ကိုက်စားတဲ့ကောင်ပဲကို"