ပုံမှန်ရုံးတက်ရက်တစ်ရက်မို့ ဆောင်ဟွန်းက အလုပ်ရှုပ်နေလျက်ရှိပါသည်။
အရင်ရက်ကပျက်ကွက်ထားသော တာဝန်များကိုပြန်ဖြည့်စွက်ရင်း မအားလပ်သည့်ကြားမှ စိတ်အစဉ်ကိုလည်း တစ်စုံတစ်ယောက်ထံ ပို့ထားဖြစ်သည်။
တစ်ချက်ချက်မြည်နေတဲ့နာရီလက်တံဟာ ဆယ်နှစ့်နာရီကို ညွှန်ပြလာတဲ့အခါမှာတော့ ဆောင်ဟွန်းရဲ့ဗိုက်ကလည်း အချက်ပြနေပြီ။
"ဂျယ်ယွန်း ထမင်းသွားစားမယ်ဟျောင့်"
ဘေးက သူ့နည်းတူစာရင်းစာအုပ်ထဲခေါင်းနှစ်ထားသော ဂျယ်ယွန်းပုခုံးအားပုတ်ကာ ပြောရင်း နေရာက ထကာ ကိုယ်နေဟန်ထားပြင်လိုက်သည်။
ရုံးအောက်ကိုရောက်တော့ ကိုယ်စီဝမ်းဖြည့်ကြရင်း ဖုန်းကိုကြည့်မိသည်။
အစ်ကို့ရဲ့အကောင့်လေးထဲဝင်ကြည့်ရင်း ပင်ပန်းတာတွေဖျောက်နေတဲ့ဆောင်ဟွန်းကို ဂျယ်ယွန်းကကြည့်ရင်း ခေါင်းတစ်ခါခါ။
"မင်းတစ်ကယ်ကြီးလား ဆောင်ဟွန်း"
လက်ကျန်အအေးကို ပိုက်နဲ့စုပ်သောက်နေရင်း နားမလည်သလို မျက်လုံးလှန်ကြည့်တော့ ဂျယ်ယွန်းက ခပ်တည်တည်ပြန်ကြည့်ပြီး။
"ကိုကြီးဟီဆွန်းကို တစ်ကယ်သဘောကျတာလားလို့"
ခေါင်းညှိမ့်ခြင်းသာပြုပြီး ငြိမ်နေတဲ့သူ့ကို စိတ်မရှည်သလို လက်မောင်းက တဖတ်ဖတ်ရိုက်ရင်း အဘွားကြီးများလို ဆူပူသည်။
"အတည်မဟုတ်ရင် ရှေ့ဆက်မတိုးနဲ့ကွာ
သူ့မှာ သူ့ဟာသူ နေတာလေးကို သွားမဖျက်ဆီးနဲ့ဟျောင့်။
ကြားမှာ နာစရာမျက်နှာတွေအများကြီးပဲ""ဟ မင်းကလည်း ဘာလို့အဲ့လိုကြီးအတင်းကာရော တားနေတာလည်း။
ငါကတစ်ကယ်သဘောကျတာပါဆို"ဂျယ်ယွန်းက စကားဆက်ဖို့ပြင်လိုက်ပေမဲ့ နောက်ကနေရောက်လာတဲ့ လူတွေကြောင့် စကားစက ပျက်သွားရသည်။
ပြန်ပြောဖို့လုပ်ပေမဲ့ ဆောင်ဟွန်းက စကားအစမခံ။
ထမင်းစားပြီး အလုပ်ပြန်လုပ်ကြတော့ ဂျယ်ယွန်းကလည်း ဘာမှမပြောတော့ပေ။