5

418 34 7
                                    

သေဆုံးခြင်းနဲ့ရှင်သန်ခြင်းကြား

အလွှာပါးလေးပဲ ခြားနေချိန်

ကိုယ်မြတ်နိုးသူကို ချစ်ရတာဟာလည်း

စိတ်ချမ်းသာခြင်းတစ်မျိုးပါပဲ။      ။

---------

"ပါးးး~~ မုန့်မုန့်"

"ဟင့်အင်း မစားရဘူး အခုမှမနက်စာစားပြီးထားတာကို ဘာမုန့်မုန့်လည်း"

တစ်အိမ်လုံးရဲ့အလုပ်ကို သိမ်းကြုံးလုပ်နေရင် သားသားရဲ့မွှေတာတွေကိုပါ လိုက်ရှင်းနေရတော့ ဟီဆွန်း စိတ်ကတိုချင်လာသည်။

တစ်ခုပြီးတစ်ခုပူဆာပြီး လိုက်ဂျီကျနေတာက နေကောင်းကာစမို့ အလိုလိုက်ထားတာကို အခွင့်ကောင်းယူချင်နေပုံပင်။

"နေမကောင်းတာကို အကြောင်းပြပြီး ပါးကိုတအားဂျီကျမလာနဲ့နော် အသည်း "

သူပြောတော့ ဆိုဖာပေါ်မှာ မှောက်ခုံလေးလှဲနေရာကနေ ခေါင်းထောင်ကြည့်ပြီး မျက်မှောင်ကြုံ့ကာ ပြန်လှဲအိပ်နေသည်။

ဟီဆွန်း သဘောတကျ ရယ်မိရင်း မှောက်အိပ်နေတာကြောင့် လုံးကစ်နေတဲ့တင်ပါးလေးကို တစ်ချက်လောက် လက်ထဲက ကြက်မွှေးတံလေးနဲ့ထိုးလိုက်တော့ မကြိုက်သလို အသံပြဲလေးနဲ့အော်လာသည်။

"လုပ်နဲ့ ချိုး"

"ပါးကို ပြန်အော်နေတာလား ချစ်လို့လုပ်တာလေ ကိုယ့်ကလေးလေးကိုချစ်လို့လုပ်တာကို"

"ချစ်ဘူးးးး~~"

"ဘာဖြစ်တယ် မချစ်ဘူး ဟုတ်လား"

"...."

"မချစ်လည်းနေပေါ့ မင်းမချစ်လည်း ငါ့မှာချစ်ရမဲ့သူတွေမှအများကြီး နော်"

"...."

သားသားကိုငြိမ်အောင် အထုပ်လိုက်သွန်ချပေးထားသော အရုပ်များကို တစ်ခုချင်းအိတ်ထဲပြန်ကောက်ထည့်ရင်း ကလေးနဲ့အပြိုင်စကားနိုင်လုနေမိသည်။အလုပ်လည်းပြီး အပျင်းလည်းပြေပေါ့။

သို့ပေမဲ့ ဟီဆွန်းပြောတာကို ပြန်မပြောတော့ဘဲ တိတ်သွားတော့ အထုတ်ကို ကြိုးချည်ရင်း လှည့်ကြည့်လိုက်မှ ဟီဆွန်း စမိတာ နောက်တရသွားသည်။

"သားနဲ့ပါဆို ကိုလူပျို"Where stories live. Discover now