Fearless

220 30 1
                                    

"cause i don't know how it gets better than this you take my hand and drag me head first, fearless"

အသက် ၁၆နှစ် အရွယ်တွင် တွေ့ဆုံခဲ့ရသော အချစ်ဦးကို ၁၅နှစ်ကျော်ကြာ အဆက်အသွယ် လုံးလုံးလျားလျား ပြတ်တောက်သွားပြီးသည့်နောက် ကျောင်းသားဟောင်း တွေ့ဆုံပွဲတွင် ပြန်တွေ့ရတော့မည့် ခံစားချက်မှာ ထူးဆန်းလွန်းလှသည်။ ဆယ်ကျော်သက်အရွယ်တွင် ပထမဆုံး အကြိမ် တွေ့ခဲ့တုန်းကလို မီးရှူးမီးပန်းများ ဖြတ်ပြေးမနေတော့သော်လည်း မည်သည့် ပုံပန်းသဏ္ဍာန် အဖြစ် ပြောင်းလဲသွားသည် ၊ မည်သို့သော အခြေအနေ ရှိနေသည် ကို သိချင်မိသည့် စိတ်လှုပ်ရှားရသော အတွေးတချို့တော့ ရှိနေသေးသည်။

၁၅နှစ် ကျော်ကြာ အဆက်အသွယ် စဖြတ်ခဲ့သူမှာ သူ ဖြစ်ပါလျက် ကျန်းဟာအို ထိုကာလ၌ မိမိ ချခဲ့သည့် ဆုံးဖြတ်ချက် အပေါ် နောင်တရမိသည့် စိတ်လည်း အကြိမ်ကြိမ် ဝင်ခဲ့ရသည်။

ယခု တစ်ခေါက် ကျောင်းသားဟောင်း တွေ့ဆုံပွဲတွင် အထက်တန်း အခန်း၃မှ သူငယ်ချင်းများ အားလုံးနီးပါး ရောက်နေကြသည်။ ကျန်းဟာအို ကိုယ်တိုင်လည်း တရုတ်ကနေ ကိုရီးယားအထိ ရောက်လာခြင်း ဖြစ်သည်။ ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည့်အခါ ပြောင်းလဲသွားသည်မှာ ပိုပြီး ရင့်ကျက်သည့် အသွင်အပြင်များသာ ဖြစ်ပြီး သူငယ်ချင်းများ အားလုံးသည် အရင်လို စနောက်ပြောဆိုနေကြဆဲ ဖြစ်သည်။

အသက် ၁၆နှစ်အရွယ် ချာတိတ်လေးများသည် အသက် ၃၀ကျော် လုပ်ငန်းခွင်ဝင် လူကြီးများ ဖြစ်လာကြသည့် အချိန် ချိန်းဆိုသည့် နေရာမှာ ကျောင်းနားက တော့ပိုကီဆိုင် နှင့် အကြွေစေ့ထည့်ရသည့် ကာရာအိုကေခန်းများ မဟုတ်တော့ဘဲ အရက်ဆိုင် ဖြစ်လာကြလေရာ ပတ်ဝန်းကျင်တွင်လည်း အရက်သောက်နေသော ဝိုင်းများဖြင့် ဆူညံလျက်ရှိလေသည်။

ထိုစဉ် အော်ဟစ်ဆဲဆိုသံများ ကြားရ၍ အသံလာရာကို လှမ်းကြည့်လိုက်သည့်အခါ ဝိုင်းတစ်ဝိုင်းမှ အလွန်မူးနေပုံပေါက်သည့် လူနှစ်ဦး ရန်ထဖြစ်လေရာ ကျန်းဟာအို ရုတ်ချည်းဆိုသလို သူတို့ ပထမနှစ်တုန်းက ရန်ပွဲအကြောင်းကို သတိရမိသွားတော့သည်။

The1 Where stories live. Discover now