坠落 - Falling
Author -甜醋鱼( Sweet and vinegar fish)နှစ်ယောက်က ကွဲပြားလွန်းတာကြောင့် ဘယ်နည်းနဲ့မှ အတူမရှိနိုင်ကြ။
ဒီနှစ်ယောက် အတူယှဉ်ရှိလာမဲ့ တစ်ရက်ကို ဘယ်သူမှ မထင်မှတ်ထားခဲ့။ထို့နောက် ကောလဟာလက ထွက်လာတော့ - ကောင်မလေးတွေ ထည်လဲတွဲတဲ့ လုရှီးရှောင်းလိုလူစားနဲ့ အချစ်ဦးမျက်နှာပုံစံလေးရှိတဲ့ ကျိုးဝမ်။ ဒါကလည်း ချစ်တုန်းကြိုက်တုန်း ခဏရယ်ပါ လုရှီးရှောင်းတစ်ယောက် မငြီးငွေ့ခင် အထိပဲဖြစ်လိမ့်မယ်။
ထင်ကြေးပေးထားသလိုပါပဲ ကျိုးဝမ်က ကျောင်းပြောင်းပြီး ထွက်သွားသလို၊ လုရှီးရှောင်းကလည်း အရင်ကအတိုင်းပဲ လောကကြီးနဲ့ မှောက်လဲမှောက်ခုန်ကစားမြဲ ပြန်ဖြစ်တာပဲ။
အရာအားလုံး ဘယ်သောအခါကမှ မဖြစ်ပျက်ခဲ့ဖူးတဲ့အတိုင်းတိုင်း။သူ မူးပြီး ကျိုးဝမ်ဆီ အရူးတစ်ယောက်လို ထပ်တလဲလဲ ဖုန်းဆက်နေခဲ့တဲ့ တစ်ညအထိတိုင် ဘာတစ်ခုမှ လက္ခဏာမပြခဲ့။ ကျိုးဝမ် နောက်ဆုံးတော့ ဖုန်းကိုင်လာခဲ့တယ်။
သူမက ဘာတစ်ခွန်းမှ မပြော၊ လုရှီးရှောင်းလည်း ထိုနည်းလည်းကောင်းပါပင်။
နှစ်ယောက်သား ပြိုင်ဆိုင်နေသည့်အလား။တိတ်ဆိတ်ခြင်း၏ ကြီးစိုးမှုဟာ လုရှီးရှောင်း ခေါင်းငုံ့ပြီး နောက်ဆုံးကျန်တဲ့ ဂုဏ်မာနစွန်းကို ချနင်းလိုက်သည့်အချိန်ထိသာ။ ; " ကျိုးဝမ် မင်း ကိုယ့်ကို ချစ်တယ်လို့သာပြောလိုက်၊ ကိုယ် မင်းကို ခွင့်လွှတ်ပေးမယ် "
သူ့နာမည်ကို ခေါ်လိုက်တဲ့ အနှီမိန်းကလေး၏ အသံမှာ အေးစက်နေလျက် ; " လုရှီးရှောင်း "
ဒီ စကားလုံး သုံးလုံးစာနဲ့ပဲ လုရှီးရှောင်း မျက်လုံးတွေ နီရဲလာခဲ့တယ်။
သူမက အင်မတန် တည်ငြိမ်လွန်းစွာ ပြောတယ်။ ; " ငါ နင့်ကို မချစ်ဘူး၊ နင့်ကို တစ်လျှောက်လုံး လိမ်နေခဲ့တာ "
ဒီဆက်ဆံရေးမှာ လုရှီးရှောင်းက ဘယ်တော့မှ လွှမ်းမိုးခဲ့ဖူးခြင်းမရှိခဲ့။
သူကမှ ကစားခံလိုက်ရတဲ့ တစ်ယောက်။