ကျိုးဝမ် ဦးလေးခန်းကို မှာလိုက်သည်။ " မနေ့ကလိုပဲ " ထို့နောက် ပိုက်ဆံရှင်းဖို့ ဖုန်းကို ထုတ်လိုက်သည်။
မနေ့က ခေါက်ဆွဲဖိုးကို လက်မခံခဲ့သည်ကြောင့် ကျိုးဝမ် ဒီနေ့တစ်ခေါက်ပြန်လာရှင်းခြင်း။ ဒီပိုက်ဆံပမာဏလေးက လုရှီးရှောင်း မျက်စိထဲတွင် ပြောဖို့တောင် မတန်သည်ဖြစ်သော်ငြား ကျိုးဝမ်အတွက်ကျ လုရှီးရှောင်းရဲ့ ရှူးဖိနပ်တစ်စုံက သူမ၏ လပေါင်းများစွာနေထိုင်စရိတ်ကို ကာမိသည်အထိ ရှိသည်လေ။
လုရှီးရှောင်းက သိပ်စိတ်ထဲထားမိတတ်သည့်လူမျိုးမဟုတ်ပေမဲ့ ကျိုးဝမ် ပိုက်ဆံရှင်းဖို့ရာ အလျင်လိုနေမှန်းတော့ သတိထားမိခဲ့သည်။
သူ တစ်ဖက်ကိုလှည့်လိုက်ပြီး စီးကရက်ငွေ့ထုတ်လိုက်ကာ "အဲ့လောက် စေ့စေ့ပေါက်ပေါက်တွက်တယ်?"
ကျိုးဝမ် နှုတ်ခမ်းတို့ တင်းသွားသည်။ ထို့နောက် ငြင်ငြင်သာသာပဲ ပြန်ဖြေလိုက်သည်။ " ပိုက်ဆံရှာရတာ မလွယ်ဘူး"
သူမက ငြိမ်ဆိမ်အေးဆေးသည့်စိတ်နေစိတ်ထားရှိပြီး စကားများများမပြော။ ဆူဆူညံညံလည်း မလုပ်တတ်။ မေးခွန်းတိုင်းအတွက် စကားပြန်ပေးသည်။ သူမ အသံမှာလား သိမ်မွေ့ ငြင်သာသည်။ စူးရှခြင်းမရှိဘဲ အင်မတန်ကြည်လင်သော အသံပါပင်။ လုရှီးရှောင်း သူမဘေးတွင်ရှိရသည်က စိတ်စနိုးစနောင့်ဖြစ်ရခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်းတို့ မရှိပါဘဲ လူကို အတော်လေး အေးအေးဆေးဆေးရှိစေသည်ဟု ရုတ်တရက် ခံစားမိ၏။
" ဘာလို့ ပိုက်ဆံရှာတာလဲ? "
လုရှီးရှောင်း သူမကို တွေ့ခဲ့သည့် ပထမဆုံးအကြိမ်တွင် သူမက ဂိမ်းဆိုင်တွင် အချိန်ပိုင်းအလုပ်ဝင်နေချိန်ဖြစ်သည်။
" အဘွား နေမကောင်းလို့ "
လုရှီးရှောင်းမှာ မျက်ခုံးတို့ ပင့်သွားရရုံ၊ အလွန်အကျွံ အံ့ဩခြင်း သို့မဟုတ် စာနာခြင်းတို့ ပြသမှုမရှိ။ သူက နောက်ထပ် စီးကရက်တစ်ဗွေကို ထုတ်လိုက်ပြီး တိုးညှင်းစွာ မေးသည်။ " မင်း မိဘတွေရော? "
" ငါငယ်ငယ်ကတည်းက အဖေက ဆုံးသွားတာ "
စီးကရက်လိပ်ကိုင်ထားခဲ့သော သူ့လက်မှာ တစ်ခဏ တန့်သွားခဲ့သည်။ " မင်း အမေကျတော့ရော? "