Chapter 7_U

3.5K 344 32
                                    

မနက် ၁၁နာရီခန့်အချိန် ခွန်ဒီမိုတို့၏ အိမ်တွင်ဖြစ်သည်။

ချမ်းဝေနှင့် ခွန်ဒီမို၏ ပြဿနာမှာ ခွန်ဒီမို၏ ချမ်းဝေကိုလက်ထပ်ပေါင်းသင်းပါမည်ဆိုသည့် အချက်ဖြင့် အဆုံးသတ်သွားခဲ့သည်။

ကိစ္စဖြေရှင်းပြီးသွားပြီမို့ ရပ်ကွက်လူကြီးများနှင့် အခြားရပ်ကွက်ထဲမှ လူများလည်း အိမ်သို့ပြန်သွားကြပြီဖြစ်သည်။

သူတို့အား ဤအခြေအနေသို့တွန်းပို့ခဲ့သည့် တရားခံကိုတော့ သက်သေမရှိခြင်းကြောင့် မဖော်ထုတ်နိုင်ခဲ့။

သို့သော် လူတချို့၏စိတ်ထဲတွင်တော့ ချမ်းဝေ၏အဒေါ်လင်မယားနှင့် သော်ဇင်ဦးတို့အား သံသယဝင်နေကြပြီဖြစ်သည်။

ချမ်းဝေက ဒွိလိင်ဆိုသည့်အချက်မှာလည်း ရပ်ကွက်လူကြီးများနှင့် ခွန်ဒီမိုတို့၏ မိသားစုတို့သာ သိပြီး ခွန်ဒီမိုက ချမ်းဝေ၏ လိင်အမျိုးအစားအား မည်သူ့ကိုမှ မပြောရန် ထိုနေရာတွင် ရှိသည့် လူအများအား တောင်းတောင်းပန်ပန်ပြောကာ တောင်းဆိုခဲ့သည်။

သူ့အနေဖြင့် ချမ်းဝေ၏ ဖြစ်တည်မှုအပေါ် ရှက်ရွံ့ခြင်းကြောင့် ထိုသို့တောင်းဆိုခဲ့ခြင်းမဟုတ်ပါပေ။

ချမ်းဝေ၏ ဖြစ်တည်မှုအား လက်မခံနိုင်သည့် လူများကြောင့် ချမ်းဝေ အားမငယ်စေရန်၊ ချမ်းဝေ မထိခိုက်စေရန်သာဖြစ်သည်။

ရပ်ကွက်လူကြီးများကတော့ သူတို့နားလည်ကြောင်းနှင့် လျှို့ဝှက်ထားပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့ကြသည်။

ခွန်ဒီမို၏တောင်းဆိုချက်နှင့် ရပ်ကွက်လူကြီးများ၏ကတိများက ချမ်းဝေအား အနည်းငယ်ဖြစ်ဖြစ် စိတ်သက်သာရာရစေမည်ဟုလည်း ခွန်ဒီမိုထင်ပါသည်။

ရပ်ကွက်လူကြီးများ ပြန်သွားပြီးနောက် ခွန်ဒီမိုမှ ချမ်းဝေအား လက်ထပ်ယူပါမည်ဟု ကတိရပြီးသဖြင့် ကျေနပ်နေသည့် ချမ်းဝေ၏အဒေါ်က ချမ်းဝေအား ခေါ်ကာ အိမ်ပြန်သွားတော့၏။

ခွန်ဒီမိုကလည်း နေ့လည်ပိုင်းမှသာ ချမ်းဝေကို လာတွေ့ပြီး စကားပြောဆွေးနွေးကြမည်ဟု ချမ်းဝေအား မှာလိုက်ပါသေးသည်။

လက်တွဲဖော်Where stories live. Discover now