Chapter 19_U

3.1K 396 19
                                    

"ကိုဆည်းဆာ အစစအရာရာ ဂရုစိုက်ပါနော်"

"အကိုဆည်းဆာ ကျွန်တော်တို့ကို အဆက်အသွယ်လုပ်ဖို့မမေ့နဲ့နော်"

"ဟင့် ဟင့် "

"မိလှိုင်ရယ် ဘာလို့ငိုနေရတာတုန်း"

"ငိုချင်လို့ပါ အကိုဆည်းဆာတို့နဲ့ ကျွန်မတို့ ခင်လာတာ ... အလုပ်အတူတူလုပ်လာတာ သက်တမ်းဘယ်လောက်ရှိပြီလဲ ... ရုတ်တရက်ကြီးသူဌေးတို့မိသားစုက ရန်ကုန်ပြောင်းတော့မယ်ဆိုတော့ ဝမ်းနည်းတာပေါ့လို့ ... ဟင့်"

"သူဌေးတို့မိသားစု ဒီကို ပြန်လာလည်ဖြစ်ရင် ကျွန်တော်တို့ဆီကို ဆက်ဆက်လာလည်နော်"

"ဟုတ်ကဲ့ပါဗျာ ကျွန်တော်တို့ ကျိန်းသေပေါက်လာလည်မှာပါ"

"ကိုဆည်းဆာ ဟိုမှာ ကားရောက်လာပြီ"

ခွန်ဒီမိုက လမ်းတစ်ဖက်ခြမ်းတွင် ရပ်သွားသည့် ကားကို လက်ညိုးထိုးကာ ကိုဆည်းဆာအားပြောလိုက်သည်။

"ကျွန်တော်သွားတော့မယ်ဗျ ... ကျွန်တော်တို့မိသားစုကို နားလည်ပေးလို့ ဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ ... အားလည်းအားနာသလို စိတ်မကောင်းလည်းဖြစ်မိတယ် တာဝန်မကျေသလိုလည်း ခံစားရတယ်"

"မဟုတ်တာ ကိုဆည်းဆာရယ် သူဌေးတို့ဘက်ကလည်း ကျွန်တော်တို့ဝန်ထမ်းတွေအတွက် တက်နိုင်သလောက် ကြည့်ပေးခဲ့တာပါပဲ ... အဲလို စိတ်ထဲမထားပါနဲ့"

"ဟုတ်ပါ့ ကိုဆည်းဆာရယ် ကိုဆည်းဆာတို့ဘက်ကလည်း တတ်နိုင်သလောက် လုပ်ပေးခဲ့ပြီးပါပြီ"

"ကျွန်တော်တို့မိသားစုကို စိတ်မကွက်ကြလို့ ကျေးဇူးပါဗျာ .. အဲတာဆို ကျွန်တော်သွားတော့မယ်ဗျ"

ထိုသို့ဆိုကာ ဝန်ထမ်းများကိုနှုတ်ဆက်ပြီး ဆည်းဆာက တစ်ဖက်လမ်းမှ ကားထံသို့သွားလိုက်တော့သည်။

ခွန်ဒီမိုကလည်း ကားထဲမှ သူ့အသိအား နှုတ်ဆက်ရန် ကိုဆည်းဆာ၏နောက်မှ လိုက်သွားလိုက်သည်။

လွန်ခဲ့သည့် လဝက်ခန့်က ခွန်ဒီမို၏ သတိပေးမှုကြောင့် ဦးငွေမောင်တစ်ယောက် သူ၏သစ်စက်အနီးတွင် ဆွမ်းခံနေသည့် ကိုယ်တော်အား သတိထားမိခဲ့သည်။

လက်တွဲဖော်Where stories live. Discover now