Chapter 13_U

3.5K 338 40
                                    

"မောင်ဒီမို ... ဒီတစ်လစာက မောင်ဒီမို ကြိုထုတ်တဲ့လစာ ... ဒီငွေကတော့ မောင်ဒီမိုတို့ လင်မယား အမ်း ... လင်ခင်ပွန်းတွေလို့သုံးရမလား ... မောင်ဒီမိုတို့အတွက် မင်္ဂလာလက်ဖွဲ့"

ဦးငွေမောင်က သူ့လက်ထဲရှိသူရေတွက်ထားသည့် ငွေများအား ခွဲခြမ်းပြကာ ခွန်ဒီမိုအား ပေးလိုက်၏။

လက်ရှိတွင်ငွေလိုနေသည့်ခွန်ဒီမိုကတော့ ဦးငွေမောင်၏ရက်ရောမှုအား မငြင်းဘဲ လက်ခံလိုက်တော့သည်။

"ကျေးဇူးပါဦးလေး ... ဒါနဲ့လေ ဦးလေးကို ကျွန်တော်သတိပေးရဦးမယ် ... အခုကျွန်တော်တို့ ရုံးနားမှာဆွမ်းခံနေတဲ့ ကိုယ်တော်လေ ... ဦးလေးသတိထားမိမလားတော့မသိဘူး ..."

ခွန်ဒီမိုကပြောတော့ ဘေးတွင်နားထောင်နေသည့် ဆည်းဆာကဝင်ဖြေ၏။

"သိတယ် သိတယ် ... အဲကိုယ်တော်က အတော်ကြည်ညိုဖို့ကောင်းတာ ... လမ်းလျှောက်ရင်တောင် မျက်လွှာလေးချပြီး ကြည့်လိုက်တာနဲ့ ရဟန်းသိက္ခာနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်မှန်းသိသာတယ်"

"ဦးလေး ကျွန်တော်ဘက်က သံသယများတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ... ကျွန်တော်ပဲ လူမှားသလားတော့မသိဘူးဗျ ... တော်တော်တော့ကြာနေပြီ ... ကျွန်တော် ရန်ကုန်ကိုသွားတုန်းက ရန်ကုန်က ကျွန်တော့်အသိတစ်ယောက်က လူတစ်ယောက်ကိုလက်ညိုးထိုးပြပြီး အဲလူအကြောင်းပြောပြဖူးတယ် ... သူက သံဃာတော်အယောင်ဆောင်ပြီး နယ်စပ်တွေက သစ်စက်တွေမှာ တရားမဝင်သစ်ခိုးထုတ်တာနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်တဲ့နေရာမှာ အရမ်းတော်တဲ့သူတဲ့ ... ကျွန်တော်လည်း အဲတုန်းက အမှုမဲ့အမှတ်မဲ့နဲ့ အဲလူကို ကြည့်လိုက်မိတယ် ... အဲလူက အခု ကျွန်တော်တို့ဆီ ဆွမ်းလာခံနေကြကိုယ်တော်နဲ့ ဆင်သလိုလိုပဲ"

ခွန်ဒီမိုက စိုးရိမ်မှုနှင့် မသေချာမရေရာမှုတို့ ရှုပ်ထွေးနေသည့် ပုံစံဖြင့် ဦးငွေမောင်တို့သားအဖအား ဇာတ်လမ်းတစ်ခုဖန်တီးကာ သတိပေးလိုက်သည်။

ခွန်ဒီမိုပြန်လည်မမွေးဖွားလာခင်အတိတ်ကာလက ယခုခွန်ဒီမိုလုပ်ကိုင်နေသည့် သစ်စက်မှာ အစိုးရ၏ချိတ်ပိတ်ခြင်းကိုခံလိုက်ရပြီး ဦးငွေမောင်လည်း တရားမဝင်သစ်ခိုးထုတ်မှုဖြင့် ထောင်ကျသွားခဲ့ကာ ထောင်ထဲတွင်ပင် ဆုံးပါးသွားခဲ့သည်။

လက်တွဲဖော်Where stories live. Discover now