𝑩𝑩 1

1.3K 94 15
                                    

Unicode......

မျက်စိရှေ့သို့ရောက်လာသည့်လက်ဖက်ရည်ပန်းကန်လုံးနှင့်ခပ်သွယ်သွယ်လက်တို့ကြောင့်ဂျောင်ကုမျက်မှောင်အလိုလိုကျုံ့လိုက်မိသည်၊ မျက်လုံးထဲတွင်လဲဒေါသအရိပ်ယောင်တို့ဖုန်းလွှမ်းလာပါက ထိုလက်ဖက်ရည်ပန်းကန်လုံးအား လက်ဖြင့်လျင်မြန်စွာကြမ်းပြင်ထပ်သို့တိုက်ချလိုက်မိတာကြောင့်ထွက်လာသည့်အသံတို့ဟာကျယ်လောင်စွာ။

'ခလွမ်!!!!!'

"ကျုပ်အစားစားနေချိန် ကျုပ်ရှေ့ပေါ်မလာနဲ့...ခဗျားမျက်နှာကိုမြင်ရတာကျက်သရေမရှိလွန်းလို့.....တောက်စ်!!"

ဝုန်းဒိုင်းကျဲကာခုံကိုကန်၍ထွက်သွားသည့်ကလေးကိုကြည့်ရင်းသိမ်ငယ်သလိုခံစားရသည်၊ အပြစ်ရယ်လို့မရှိတဲ့ဖန်ပန်းကန်လုံးလေးဟာ ကြမ်းပြင်ပေါ်သို့တစ်စစီပြန့်ကျဲနေသည်ကို ဆွန်းနီးလိုက်ကောက်သိမ်းမိကာပင် မဖိတ်ခေါ်ပဲပါးပြင်ထပ်၌အလိုလိုကျဆင်းနေသည့် မျက်ရည်စတို့အားသူ့အမျိုးသားအခန်းထဲကထွက်လာလျှင်မြင်မှာဆိုးသဖြင့်ခပ်မြန်မြန်သုတ်လိုက်မိ၏၊ အစထဲကသူအခုလိုတွေဖြစ်မယ်ဆိုတာသိထားပေမယ့် ထိုသို့၎င်းအရမ်းမျှော်လင့်မထားမိ၊ ထိုကလေးအားအပြစ်ရယ်လို့ ပြောလို့မရအောင်သူ့မိသားစုကို‌ပြိုလဲစေသည့်တရားခံဟာသူမဟုတ်ပါလား။

"ဟာကွာတောက်စ်!!!"

အခန်းထဲရောက်တာနဲ့ပေါက်ကွဲချင်သည့်စိတ်တို့ဟာထိန်းချုပ်၍မရ ဒယ်ဒီမျက်နှာကြောင့်သာမဟုတ်ရင်ဂျောင်ကုအဲ့လူအားတစ်စစီဆွဲဖြဲပြစ်ပြီးနေပြီ...သူကြောင့်..ဒါတွေအားလုံးဟာသူကြောင့်ဖြစ်လာရတာ။

'ဒုန်း!!!!ဗုန်း!!!!'

****

ဒယ်ဒီအဲ့လူကိုအိမ်ပေါ်ခေါ်လာတဲ့နေ့ထဲက ဂျောင်ကုဒယ်ဒီအပေါ်စကားကောင်းရယ်လို့မပြောတော့တာဖြစ်သည်၊ နေချင်သလိုနေတယ် ဖြစ်ချင်သလိုဖြစ်တယ် ခုဆိုရဲစခန်းဟာသူရဲ့ဒုတိယအိမ်လို့ပင်ဖြစ်လို့နေပြီ တက္ကသိုလ်နောက်ဆုံးနှစ်အရွယ်ဖြစ်‌နေသော်လဲ အရာရာကိုငွေနဲ့လိုက်ရှင်းပေးနေတဲ့ဖခင်တစ်ယောက်လုံးရှိနေတော့ သူ့ဘဝဟာဒီထက်ဆိုးမိုက်ဖို့ရန်သာရှိတော့သည်၊ ဆိုးချင်ဆိုးမယ် မိုက်ချင်မိုက်မယ် သို့ပေမယ့်ကြည့်မရတဲ့လူမျိုးမြင်ကွင်းထဲရောက်လာရင်တော့ ဂျွန်ဂျောင်ကုဆိုတဲ့ကောင်မျိုးက အေးအေးဆေးဆေးနဲ့ပြီးဆုံးသွားတာမျိုးမကြိုက်၊ ထိုသို့ပင်ဂျွန်ဂျောင်ကုဆိုတဲ့ကောင်ကမမြင်ချင်ဘူးဆိုကာ အိမ်ပေါ်ကနေဆင်းသွားမယ့်ကောင်မျိုးတော့မဟုတ် ဒယ်ဒီကိုမြူဆွယ်ပြီးပိုင်ဆိုင်မူ့တွေကိုသူဆီအပါမခံနိုင်။

𝐁𝐚𝐝 𝐁𝐨𝐲 Where stories live. Discover now