Unicode.......
ဒီမိသားစုရဲ့ထမင်းဝိုင်းဟာ သူမြင်ဖူးခဲ့သမျှမိသားစုထမင်းဝိုင်းနှင့်အလွန်ပင်ကွာခြားကာတိတ်ဆိတ်လွန်း၏၊ ချမ်းသာတဲ့လူတွေဟာထမင်းစားလျှင်စကားမပြောရဘူးဟု စည်းကမ်းသတ်မှတ်ထားလေသလားမသိရတာမို့ ထယ်ယောင်းထိုထမင်းဝိုင်းတွင်စကားမစပဲတိတ်ဆိတ်နေမိပြန်တော့လဲ ထိုသို့မဟုတ်။
"ဆရာလေးထည့်စားနော်အားမနာနဲ့"
မျက်နှာခြင်းဆိုင်တွင်ထိုင်နေသည့် အမျိုးသားဆီမှထွက်လာသည့်စကားသံကြောင့် ထယ်ယောင်းခေါင်းပင်ငြိမ့်ကာပြုံးပြမိ၏။
"ထမင်းစားပြီးရင် အခန်းထဲမှာသွားနားချင်နားနော်အခန်းအရွေ့အပြောင်းကြောင့်ပင်ပန်းနေမှာပေါ့.."
ထိုစကားသံဟာသူ့ဘေးမှာထိုင်နေသည့်ဖွားငယ်ဆီမှထွက်လာသည့်အသံဖြစ်တာကြောင့်။
"ဟုတ်..ဟုတ်ကဲ့ဖွားငယ်...."
ဘေးပတ်ပတ်လည်ကိုဝေ့ဝှက်ကြည့်မိရင်း အပေါ်ထပ်အားစူးစမ်းနေသည်ကို ဖွားငယ်ဟာသဘောပေါက်သွားသည်ထင်။
"ဖွားမြေးကိုရှာနေတာလား"
ထိုအခါမှသာ ထယ်ယောင်းဖွားငယ်ဘက်ကိုဆက်ခနဲလှည့်ကြည့်မိတာမို့ ဖွားငယ်ဟာရိပ်မိသယောင်ပြုံး၍ကြည့်လို့လာ၏။
"မြေးကဒီချိန်ပြန်မလာဘူးကွဲ့ အွန်း... 1နာရီကျော်လောက်မှပြန်ရောက်မယ်ထင်တယ် ယောင်းလေးကိုတော့ ဖွားငယ်မနက်ဖြန်မှ မြေးနဲ့သေချာမိတ်ဆက်ပေးမယ်"
နာရီကိုကြည့်ပြီးကာမှ ဆက်ပြောလာသည့်ဖွားငယ်စကားကြောင့် ထယ်ယောင်းခေါင်းငြိမ့်ပြမိသော်လည်း၊ 1နာရီကျော်မှပြန်လာမည်ဆိုသည့်စကားကိုတော့ ထယ်ယောင်းသိပ့်သဘောမကျမိ၊ ခုခေတ်ကလေးတွေဟာဒီအချိန်ထိ အပြင်မှာဘာလုပ်နေကြတာပါလိမ့်......။
<<<<<<<<<
"ဂျေ့မင်းကိုကြည့်ရတာနိုင်ရဲ့လား ငါမောင်းပို့ပေးရမလား"
အွန်ဝူးပြောသည့်စကားအား ဂျောင်ကုလက်ကာပြကာခေါင်းခါပြမိ၏။
"ဂျွန်ဂျောင်ကုပါဂျွန်ဂျောင်ကုဆိုတဲ့ကောင်က အရက်အမူးလွန်ပြီး အိမ်ကိုမောင်းလိုက်ပို့ရတဲ့ထုံးစံရှိလို့လား ဒီလမ်းတွေများငါမျက်စိမှိတ်ပြီးမောင်းရင်တောင်ရောက်တယ်"
YOU ARE READING
𝐁𝐚𝐝 𝐁𝐨𝐲
Actionမင်းဘာဖြစ်ချင်နေတာလဲဂျေ! ဒါဘာလုပ်တာလဲ...... 𝐊𝐢𝐦 𝐓𝐚𝐞𝐇𝐲𝐮𝐧𝐠 ပထမတစ်ခွန်းကိုပဲဖြေမယ် ကျုပ်ခဗျားယောင်္ကျားဖြစ်ချင်တာ...... 𝐉...