Unicode......
အိပ်ယာနံဘေး၌မြည်သံဆူးဆူးတို့ကြောင့် တစ်ဖက်သို့လှည့်အိပ်နေသည့်လူဟာအလိုလိုဘယ်ဘက်ခြမ်းသို့စောင်းလို့လာတော့သည်၊ အသံတို့ကြောင့်မျက်ဝန်းတို့ဟာလုံးလုံးမဖွင့်သေးသော်ငြား လက်တို့ဟာတော့မွေ့ယာထပ်၌စမ်းကာပင် ပေးထားသည့် Alarmအားပိတ်လိုက်ပြီးတာနဲ့ မျက်လုံးနှစ်ဖက်တို့ထံလက်တို့ဖြင့်ဖိကာပွတ်သပ်မိ၏၊
အပျင်းထူမနေတော့ပဲအိပ်ယာပေါ်ကဆင်း၍ပင် ခေါက်ရိုးကျနေသည့်သပတ်တစ်ထည်ကိုယူ၍ရေချိုးခန်းထဲဝင်လာလိုက်တော့၏၊ ရေချိုးခန်းထဲကရေအားထိတွေ့ပြီးတာနဲ့ လက်တို့ပင်တွန့်လို့သွားသလို မှေးနေသည့်မျက်ဝန်းတို့ဟာလဲထိုအခါကြမှသာပြူးကျယ်လို့သွားတော့သည်။ သူများအိမ်ဖြစ်တာမို့ နောက်ကြမှအောက်ထပ်ဆင်းပြီး အဆင်သင့်ထိုင်စားရမှာကိုမလုပ်ချင်တာကြောင့် ရေကိုအမြန်ချိုးနေရင်းပင် မှန်ကိုသေချာစိုက်ကြည့်မိကာမှ သူ့၏မျက်လုံးနှစ်စပြူးကျယ်သွားသည့်အကြောင်းရင်းက။
"တကယ်ပဲပန်တာဖြစ်သွားတာလား..."
အနီးကပ် မှန်နားကပ်၍ မျက်ခမ်းအောက်တို့ထံ လက်ထိပ်တို့ဖြင့်အသာယာထိတွေ့ရင်း၊ ညိုနေသည့်မျက်ဝန်းတို့အားကြည့်၍မျက်နှာတို့ဟာအလိုပင်မကျတော့။
" ဒီနေ့မှကျောင်းကိုသွားရမှာကို ဒီလိုပုံစံကြီးနဲ့....."
ရေချိုးခန်းထဲကအမြန်ပင်ထွက်လို့ပြီးတာနဲ့ မှန်တင်ခုံပေါ်က အိတ်ထုတ်ထဲတွင်ထည့်ထားသည့် ပစ္စည်းတစ်ခုခြင်းဆီကိုထုတ်လိုက်တော့၏၊ ပထမဆုံး အထုတ်လေးထဲကcottonကိုယူကာ ကြာကြာအသုံးခံသည့်500mlဗူးကြီးထဲမှ Tonerတို့ကိုစွပ်ပေးပြီး မျက်နှာလေးပေါ်ညှင်သာစွာဆွဲပေးလိုက်သည်၊ Tonerတို့အားမျက်နှာအနှယ့်ပွတ်သပ်ပေးပြီး Essence ကိုဗူးထဲကအနည်းငယ်ညှစ်ယူရင်း လိမ်းပေးလိုက်ပြီးတာနဲ့ ဖုန်းနာရီကိုကြည့်လိုက်မိတော့ 8နာရီထိုးဖို့7မိနစ်ပင်လိုတော့သည်မို့၊Serumဗူးကိုအမြန်ရှာကာ ပါးပေါ်ညှစ်ချလိုက်ရင်း စီးကျလာသည့်Serum အရည်ကြည်ကြည်လေးတွေကိုအသားထဲစိမ့်ဝင်သွားအောင်ပွတ်သပ်ပေးမိသည် ထယ်ယောင်းတစ်ခြားဘာမှမလိမ်းဖြစ်ရင်တောင် Serumကတော့အမြဲတစ်စေလိမ်းဖြစ်သည်ဘာလို့ဆို။
YOU ARE READING
𝐁𝐚𝐝 𝐁𝐨𝐲
Actionမင်းဘာဖြစ်ချင်နေတာလဲဂျေ! ဒါဘာလုပ်တာလဲ...... 𝐊𝐢𝐦 𝐓𝐚𝐞𝐇𝐲𝐮𝐧𝐠 ပထမတစ်ခွန်းကိုပဲဖြေမယ် ကျုပ်ခဗျားယောင်္ကျားဖြစ်ချင်တာ...... 𝐉...