02

115 5 2
                                    

အိမ်ပြန်ရောက်တာနဲ့ကြားရပါပြီ အချိန် ပြည့်အရက်ပဲတောင်းနေတာ ပါးစပ်ထဲသာ စည်လိုက် လောင်းထည့်ထားလိုက်ချင်တော့တယ်။

"ဟေ့ကောင် ငါ့အတွတ်... အရက်သွားဝယ်ပေးစမ်း"

"ငါ့သားကိုခိုင်းစရာမလိုဘူး ကလေးက ခုမှ အလုပ်က ပြန်လာရတာ "

"ဒီ$ကန်းမဟာ‌လေ ငါလုပ်လိုက်ရင်တော့လား"

"Por... Maeကို မထိပါနဲ့ လိုတာကျနော့်ကိုပြောပါ"

"U Taw...U Taw ရှိလား"

သူ့ကို ဆူဆဲရန်ပြင်လိုက်စဉ် အိမ်ရှေ့က ခေါ်သံကြောင့် ရှေ့ဆက်မပြောဖြစ်တော့....

"ရှိတယ် ဘယ်သူလဲ"

"ကျနော်တို့ပါ  ဦးလေးနဲ့ ဝိုင်းလာဖွဲ့တာ"

Win သေချာကြည့်မိတော့  အရက်ဆိုင်ထဲမှာ သူ့ကို ရိသဲ့သဲ့လုပ်တဲ့လူတွေ ဒီအချိန်ကြီး သူများအိမ်ကို လာလည်တာ ဘာသဘောလဲ...
လက်ထဲမှာလဲ ပုလင်းနဲ့ စားစရာကစုံနေကော...

"သောက်ပါ ဦးလေးရယ် ကျနော်တို့ ဒကာခံတယ်"

"ကောင်းတယ်...ကောင်းတယ်"

"ဒါနဲ့ ဦးလေး တစ်ယောက်ထဲလား"

မျက်လုံးတို့က Win ရှိရာသို့ရောက်နေတာကြောင့် Win အိမ်ပေါ်သာတက်ခဲ့လိုက်တော့သည်။

"ဟိုနှစ်ကောင်ရှိတယ် သောက်စရာရှိတာ သောက်စမ်းကွာ စကားမများနဲ့"

အိမ်ရှေ့မှာ အရက်ဝိုင်းဖွဲ့သောက်နေတာကြောင့် Win စိတ်ညစ်မိပေမယ့် မတတ်သာသည့်အဆုံးငြိမ်နေရသည်။

"သားလေး တံခါးကို ပိတ်ထားလိုက် ဒီကောင်တွေက ယုံရတဲ့ ကောင်တွေမဟုတ်ဘူး"

Mae က လူကြီးဆိုတော့ သတိထားမိသည့်အလား တံခါးသာ ထပိတ်ခိုင်းနေတာကြောင့် Win လဲတံခါးကို ပိတ်လိုက်တယ်။

"Mae.. ဆေးမသောက်ဘူးလား"

"အဟွတ်ဟွတ်...သောက်ပါတယ်သားလေးရယ် "

"မနက်ဖြန်ဆေးခန်းသွားလိုက်ပါလား"

"အေးပါသားရယ် Mae ကို စိတ်မပူပါနဲ့  သား သွားအိပ်တော့လေ Mae စောင့်နေလိုက်မယ်"

"ရတယ် Mae ကျနော် မအိပ်ချင်သေးဘူး"

Winလဲ ပိုက်ဆံသာ ထိုင်တွတ်နေမိတယ်။
သူ ဒီလောက်အလုပ်လုပ်နေပေမယ့် ပိုက်ဆံက စားဖို့အတွတ်သာ လုံလောက်သည်။

Sex or Money Where stories live. Discover now