"ကျနော် မလိုက်လို့မရဘူးလားဟင်"
သူအရဲစွန့်ကာပြောမိတယ် ဟုတ်သည်လေ သူ့လုပ်ငန်းရှင်တွေနဲ့ ညစာ စားမှာက သူလိုက်စရာ လိုလို့လား ပြီးတော့လဲ လူတွေ အများကြီးနဲ့ သူအဲ့လို နေရာမျိုးတွေ မုန်းတယ် ။
"ရော့...."
သူ့အတွတ်ပေးလာတဲ့ အနောက်တိုင်း suit..။
မလိုချင်ဘူး ဝတ်လဲမဝတ်ချင်ဘူး ချမ်းသာတဲ့လူတွေနဲ့ မတွေ့ချင်ဘူး သူတို့တွေရဲ့စိတ်က ခန့်မှန်းရ ခက်တယ် ။
"ငါ အပြင်ကစောင့်နေမယ်"
သူလုပ်ချင်တာသာ တဇွတ်ထိုးလုပ်တတ်တဲ့ ထိုလူကြီးကိုလဲ မုန်းမိပါတယ် ။
သူ့အတွတ် အဝတ်ပေးပြီးတာနဲ့ အပြင်ကိုထွက်သွားတဲ့ ထိုလူကြီး....။
Win လဲသူ့အတွတ်ပေးတဲ့ ဝတ်စုံကိုယူဝတ်ကာ အောက်ထပ်သို့ ဆင်းခဲ့လိုက်တယ် ။
"ကျနော်ပြီးပြီ"
အသံကြားလို့ မော့ကြည့်လိုက်တော့ အနောက်တိုင်း suit နဲ့ကောင်လေးဟာ လူကြီး လူကောင်းလေးလို....။
"ပြီးရင်သွားမယ်"
ရပ်ထားတဲ့ ကားထဲ ဝင်သွားလိုက်တော့ Winပါ လိုက်ဝင်လိုက်တယ်...။
ဒီညတော့ ထိုလူကြီး ကိုယ်တိုင်မောင်းတဲ့ကားကို လိုက်စီးခဲ့ရတယ် ကားမောင်းနေတဲ့ ထို လူကြီး က အရင်ချိန်ေတွထပ် ပိုပြီး ဆွဲဆောင်မှုရှိနေပြန်တယ် ။
ရောက်ပါပြီ ချမ်းသာတဲ့ လူတွေရဲ့ ညစာ စားပွဲ....။
လူချမ်းသာတွေရဲ့ ညစာ စားပွဲက ဒီလိုပုံစံလား....အားလုံးက ကိုယ့်ဝိုင်းနဲ့ ကိုယ် ထိုင်နေကြတယ် သူတို့ Hotel ထဲ စဝင်တော့ လာကြိုတဲ့ လူတစ်ချို့...။
"ကြွပါ..."
သူတို့ခေါ်တဲ့ဝိုင်းကို ရောက်တော့ အသက်ခပ်ကြီးကြီး လူတွေနဲ့ မိန်းကလေး တစ်ဦး P'အရွယ်နဲ့ ကောင်လေး တစ်ဦး ထိုင်နေကြတယ် ။
"ရောက်လာပြီပေါ့... အော် ညီလေးပါ ခေါ်လာတာလား"
ထိုလူတစ်ေယာက်အပြောကြောင့် လူကြီးမျက်နှာတည်သွားတယ် ။
YOU ARE READING
Sex or Money
Fanfictionလူတိုင်းကတော့ပြောကြတယ် ပိုက်ဆံကအရာရာတဲ့ ဟဟ ဟုတ်နေတာပဲ....... "မင်းကို လိုချင်ပြီဆိုထဲကမင်းက ငါ့အပိုင်ပဲ မင်းလိုတာ ပိုက်ဆံမလား Ok ပိုက်ဆံတွေ ကြိုက်သလောက်ယူပြီး ငါ့ကို သာယာခွင့်ပေးလေ ကောင်လေး " (Bright Vachirawit Chivaaree) "အချစ်ဟဟ မယုံဘ...