အိပ်ယာက နိုးလာတော့ လူက တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုဖြစ်နေတယ် မျက်လုံးဖွင့်ပြီး ထထိုင်လိုက်တော့ အောက်ပိုင်းဆီက နာကျင်မှုက ခါးတစ် လျှောက်စီးဆင်းသွားတယ်.... ။
ကိုယ်မှာလွှားထားတဲ့ စောင်လေး ဖယ်လိုက်တော့ ပေါင်တံတစ်လျှောက်မှာခြောက်ကပ်နေပြီဖြစ်တဲ့သွေးတွေက မြင်လို့တောင်မကောင်း အိပ်ယာခင်းတစ်ခုလုံးလဲ သွေးများနဲ့ ။
ခဏအကြာ တံခါးကိုတွန်းဖွင့်ပြီး ဝင်လာသူကြောင့် ဆောင်ကို ပြန်ယူကာ သူ့ကိုယ် ကိုလုံအောင် ဖုံးထားမိတယ်....။
"မင်းနိုးပြီလား ရေချိုးခန်းထဲဝင်ပြီး သန့်ရှင်းရေး လုပ်လိုက်ဦး ပြီးရင်တော့ အောက်ထပ်ဆင်းလာခဲ့ "
"ဒီ...ဒီဟာတွေ..."သူ့ရဲ့ခပ်အက်အက် အသံတွေကြောင့် စကားကို အဆုံးထိ မပြောတော့ဘဲ ရပ်သွားလိုက်တယ်.....။
"မင်းရေချိုးခန်းထဲပဲ အရင်ဝင်လိုက်"
ရေချိုးခန်းထဲဝင်ဆိုပြီးဘေးမှာထိုင်ကြည့်နေတာကြောင့် လူက သေချင်စော်နံချင်သွားတယ် ။
ဘယ်နှယ့်အောက်မှာ ဘာမှမဝတ်ထားဘူးဟ ငါကဒီအတိုင်းသူ့ရှေ့က ဖြတ်လျှောက်ပြီး ရေချိုးခန်းထဲ ဝင်ရမှာလား ။
"မထသေးဘူးလား... ရေမချိုးချင်လို့လား"
"အပြင်...ကို..ခဏထွက်ပေးပါလား..."ရှက်ရွံ့မှု့ကြောင့် အပြင်ကို ထွက်ရန် ပြောမိတော့...
"မနက်ကတင် မင်းတစ်ကိုယ်လုံး နေရာလပ်မရှိအောင်ကြည့်ပြီးသွားပြီ"
အေးကောင်းတယ် Metawin မင်းသေလို့ရပြီ ဘယ်လိုလုပ်ရမလဲ ။
"Ok... ငါသွားတော့မယ် ကြာနေရင် ငါပြန်ဝင်လာမယ်"
ပြောချင်ရာပြောပြီး ထွက်သွားတာကြောင့် Winလဲ ခုမှ သက်ပြင်းသာ ချမိတယ်...။
သူလဲ နာကျင်နေတဲ့ခါးကို လျစ်လျှူရှုပြီး အိပ်ယာပေါ်က ဆင်းလိုက်တယ် ။ဘေးဘက် နံရံတွေကို အားပြုကာ ရေချိုးခန်းထဲ ဝင်သွားလိုက်တယ် ။
မှန်ထဲကြည့်မိတော့ တစ်ကိုယ်လုံးက သူဘာတွေဖြစ်ခဲ့လဲ ဆိုတာ ပြန်ပြောပြနေသယောင် နှုတ်ခမ်းတွေကလဲ ပေါက်ပြဲနေတယ် ဒီကြားထဲ နားရွက်တွေမှာပါ အနီကနေ ခရမ်းရောင်ပြောင်းသွားတဲ့ အရာတွေ ဆက်မကြည့်ချင်တော့ဘူး သူကအခု မသန့်ရှင်းတော့တဲ့ လူတစ်ယောက်ဖြစ်သွားပြီ။
YOU ARE READING
Sex or Money
Fanfictionလူတိုင်းကတော့ပြောကြတယ် ပိုက်ဆံကအရာရာတဲ့ ဟဟ ဟုတ်နေတာပဲ....... "မင်းကို လိုချင်ပြီဆိုထဲကမင်းက ငါ့အပိုင်ပဲ မင်းလိုတာ ပိုက်ဆံမလား Ok ပိုက်ဆံတွေ ကြိုက်သလောက်ယူပြီး ငါ့ကို သာယာခွင့်ပေးလေ ကောင်လေး " (Bright Vachirawit Chivaaree) "အချစ်ဟဟ မယုံဘ...