Part-1

965 74 5
                                    

Part 1

မနက်​ခင်းရဲ့အလင်း​ရောင်​တို့အစပြု​လေသည်....

(အစတောင်မဟုတ်ဘူး နေဖင်ထိုးတော့မယ်) xD

"၀ါးးးးး..."

နေရောင်ခြည်တို့ကရက်ရက်စက်စက်မျက်နှာပေါ်ကိုမှ direct လာထိုးနေသဖြင့် Baekhyun မျက်စိဖွင့်ကာ အိပ်မှုန်စုန်မွှားနဲ့ဘေးကနာရီကိုလှမ်းကြည့်လိုက်တော့...

ဒုန်း!! (ကုတင်ပေါ်ကပြုတ်ကျသံ)

ကြမ်းပြင်ပေါ်ကနေကုန်းကုန်းကွကွနဲ့ထပြီး နာသွားတဲ့ခါးတောင်မပွတ်အား..ကမန်းကတန်းကတိုက်ကရိုက်ပိုသီပတ်သီပင်ရေချိုးခန်းထဲသို့တစ်ချိုးတည်းပြေးဝင်လေတော့၏။

"Byun Baekhyun!!မထသေးဘူးလား ဒီနေ့မှတက္ကသိုလ်စတက်တယ် နောက်ကျလို့ကောင်းမလား !

အခန်းလဲရှာရအုံးမယ် Kyungsoo တောင်နင့်ကိုမစောင့်နိုင်လို့အရင်ထွက်သွားပြီ မြန်မြန်လုပ်"

ထိုအသံခဏမျှပျောက်သွားပြီး..

"ငါပြောတာကြားလား !! "

အောက်ထပ်ကနေ Baekhyun အမေကမနက်စာပြင်ဆင်ရင်းနဲ့လှမ်းအော်လိုက်သည်။

"ဟဲ့...! "

ဒုတိယအကြိမ်ခုနစ်ချီဟစ်သံပေါ်ထွက်လာမှ Baekhyun တစ်ယောက်သွားပွတ်တံကို ပါးစပ်ထဲကခဏထုတ်ကာ ပြန်အော်လိုက်သည်။

"araso araso!!!!!
ပြီးပြီခုအဝတ်လဲပြီးသွားတော့မှာ..omma ကလည်း ဖြေးဖြေးသက်သာအော်လည်းကြားပါတယ်"

"Byun Baekhyun ! နင်ကငါအဲ့လိုအော်မှပြန်ထူးတာမှတ်လား မဟုတ်ရင်မသိချင်ယောင်ဆောင်နေတဲ့ကောင် >< "

"အင်းပါ အင်းပါ "

လှေကားကို သုံးထစ်လောက်ခုန်ဆင်းရင်း Baekhyun သူ့ ommaပါးကို ရွှတ်ခနဲနမ်းလိုက်သေးသည်။ ပြီးမှလွယ်အိတ်ကောက်လွယ်ရင်းအိမ်ပေါက်ဝသို့အထွက်..

"မနက်စာစားသွားအုံးလေ တော်ကြာဗိုက်အောင့်နေအုံးမယ် အစာမရှိတော့..."

"arni...canteen မှာပဲစားတော့မယ်နောက်ကျနေပါပြီဆိုမှ..
တာ့တာ တာ့တာ သွားပြီ omma"

Baekhyun ပြောပြီးတံခါးမြန်မြန်ပိတ်ကာ အပြင်ထွက်လာလေသည် ။

*omma ကိုအဲ့လိုလုပ်မှ မဟုတ်ရင်အတင်းဆောင့်ဆွဲပြီး မနက်စာစားခိုင်းနေမှာ မြင်ယောင်သေး*

Dream or RealTempat cerita menjadi hidup. Temukan sekarang