Unicodeဝိုးတိုးဝါးတားနဲ့ မရင်းနှီးတဲ့မျက်နှာကျက်တစ်ခု...
*ငါဘယ်ကိုရောက်နေတာပါလိမ့်*
ဆတ်ခနဲထလိုက်တော့ ကိုက်ခဲနေတဲ့ခါးအောက်ပိုင်းတစ်ခုလုံးကြောင့် မထနိုင်ဘဲပြန်လဲကျသွားလေသည်...
"အ့...ကျွတ်..နာလိုက်တာ...ဘာလို့ငါ့ခါးတွေကိုက်ခဲနေရတာလဲ"
ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တော့ အဝတ်ဗလာနှင့်သာ...
"ဟင်...ငါ ဘာလို့အဝတ်တွေမရှိရတာလဲ...ဘာ..ဘာတွေဖြစ်ခဲ့တာလဲ"
စဥ်းစားရင်းနဲ့ခေါင်းထဲ၌တစ်ရိပ်ရိပ်ပြန်ပေါ်လာသော ပုံရိပ်တို့ကြောင့် မျက်နှာတစ်ခုလုံးဟာ ခရမ်းချဥ်သီးသဖွယ်...
"Ashii!!..သွားပါပြီ...ငါ့လူပျိုရည်တော့ပျက်ပါပြီ...အီးးဟီးးဟီးး"
ထိုအချိန်မှာပဲ တံခါးဖွင့်သံတစ်ခုကြောင့် အသံလာရာဘက်ကိုကြည့်လိုက်တော့ အသားဖြူဖြူ အရပ်ခပ်မြင့်မြင့်လူတစ်ယောက်ဟာ သူရှိရာဆီသို့လျှောက်လာလေသည်...
*ဟင်...ဘယ်သူကြီးလဲ*
"နိုးပြီလား"ဘယ်သူဘယ်ဝါမှန်းလဲမသိ...ပြန်ဖြေဖို့အတွက်လဲ နှုတ်ခမ်းပါးတို့ကလေးလံနေကာထိုလူကိုပဲဆက်ကြည့်နေမိလေသည်...
မျက်နှာကိုသေသေချာချာကြည့်တော့ခေါင်းထဲမှ ပုံရိပ်တို့ဟာတစ်ဖန်ပြန်ပေါ်လာပြီး ညကသူနှင့်ဖြစ်ခဲ့သည့်ထိုလူပင်ဆိုတာJiminတစ်ယောက်သိသွားလေသည်..."ခင်...ခင်ဗျား"
လက်ညိုးလေးဖြင့်ရွယ်ရင်းအံ့သြမတတ်ဖြစ်နေလေ၏Yoongiကမျက်ခုံးတစ်ဖက်ပင့်ပြကာဘာလဲဟူသည့်ဟန်ပန်ဖြင့်မေးလေသည်...
"ခင်ဗျား..ခင်ဗျား..လူယုတ်မာကြီး..အီးဟီး"
ထိုသို့ပြောရင်းငိုချလိုက်တာကြောင့် Yoongiမှာကြောင်အသွားလေသည်...
"ခင်ဗျားကြောင့်ကျွန်တော့်ရဲ့လူပျိုရည်လေးပျက်သွားပြီ သိရဲ့လား... အီးဟီး..လူယုတ်မာကြီး...နှာဘူးကြီး...အရူးကြီး"
"ဟေး...ကောင်လေး...ပြောနေတာတွေခဏလောက်ရပ်ပြီး ပြန်စဥ်းစားကြည့်ပါဦး"
YOU ARE READING
𝐃𝐚𝐝𝐝𝐲 𝐌𝐢𝐧🥵🔞
Fanfiction" babe!!......babeကဘယ်သူ့အပိုင်လဲဆိုတာသိလား.."? " ဟောဒီ့ကbabeချစ်ရတဲ့Daddy Min အပိုင်ပေါ့.."🖤