First Impression

217 13 0
                                    

လွန်ခဲ့သော ၁၅ နှစ်ခန့် ,

ဂျပန်နိုင်ငံ,Okayama

ဆောင်းဟွန်းအတွက် ဒါဟာ ပထမဦးဆုံးအကြိမ် ဂျပန်နိုင်ငံသို့ ခြေချခြင်းဖြစ်သည် ။ အလုပ်ကိစ္စတွေကြောင့် အမြဲခရီးထွက်နေရတဲ့ ဖေဖေက ဒီတစ်ခေါက်တော့ မေမေရော ကျောင်းပိတ်ရက်ရှည်ရတဲ့ သူ့ကိုပါ တစ်ပါတည်းခေါ်လာခဲ့သည်။ movie တွေထဲကလိုမြင်ဖူးနေကျ ဂျပန်နိုင်ငံဟာ ၉နှစ်သားအရွယ်ဆောင်းဟွန်းအတွက်တော့ အတော်လေး စိတ်ဝင်စားဖွယ်....

ဂျပန်နိုင်ငံလို့ပြောရင် တိုကျိုမြို့လို့ပြေးမြင်ကောင်းမြင်နိုင်ပေမယ့် ဂျပန်နိုင်ငံရဲ့ မြို့တစ်မြို့ချင်းစီတိုင်းဟာ သူ့နေရာနှင့်သူ စည်ကားလျက်ရှိနေသည်။ စားသောက်ဆိုင်ကောင်းကောင်းတွေ စိတ်ဝင်စားစရာကောင်းလှတဲ့ electronic ပစ္စည်းတွေ ဒါတွေဟာ အချိန်ပေးလည်ပတ်ကြည့်ရင်တောင် မကုန်နိုင်မည့်အနေအထားပင်

အလုပ်ကိစ္စကြောင့် ဖေဖေကတော့ ဟိုတယ်ကနေ မနက်အစောကတည်းက ထွက်သွားခဲ့သည်။
မေမေနဲ့အတူ ဟိုတယ်ခန်းထဲမှာဘဲ ကျန်ခဲ့ရတဲ့ ဆောင်းဟွန်းကတော့ ဒီအချိန်မှာ သူအကြိုက်ဆုံး mobile game တွေကတောင် သူ့စိတ်ကိုမပျော်စေတော့ပါ

" ဆောင်းဟွန်းရေ မေမေတို့ ဟိုတယ်နား တစ်ဝိုက်ကို အတူတူသွားကြည့်ကြမလား "

" တကယ်လား မေမေ"

" ကျောင်းပိတ်ရက်ရလို့ ငါတို့သားလေးကို ခေါ်လာမှဘဲ ပိုပျင်းနေတော့မယ် ဖေဖေက အလုပ်တွေပြီးရင် အလည်ပတ်ခေါ်သွားပေးမှာမို့ ငါတို့ဆောင်းဟွန်းလေးက ခနလေးဘဲ သည်းခံလိုက်နော်"

"ဟုတ်"

ဆောင်းဟွန်း မေမေနဲ့အတူ ဟိုတယ်မလှမ်းမကမ်းက ဈေးတန်းတစ်ခုစီ အလည်သွားခဲ့သည်။ များပြားလွန်းတဲ့ စားသောက်ဆိုင်တန်းတွေနဲ့အတူ ကလေးတွေအကြိုက် ကာတွန်းဇာတ်ကောင် လူဝင်အရုပ်အကြီးကြီးတွေ အမှတ်တရပစ္စည်းဆိုင်တွေနဲ့အတူ လာရောက်လည်ပတ်သူတွေမှာလည်း များပြားလှသည်

ဈေးတန်းထဲ ရောက်လေလေ လူအုပ်ကြီးတွေ တစ်စတစ်စနဲ့ပိုများလာတာကြောင့် ဆောင်းဟွန်းခဗျာ
ဆွဲထားတဲ့ မေမေ့လက်က်ို လွတ်ထွက်မသွားအောင် မနည်းဆွဲထားရသည်။ ရုတ်တရက် မေ့မေ့ လက်ဆွဲအိတ်ထဲက ဖုန်းသံကြားတာကြောင့် မေမေဟာ သူ့လက်ကိုဖြုတ်လိုက်ပြီး ဖုန်းပြောနေခဲ့သည်။ သိပ်မကြာလိုက် ကျန်ခဲ့မှာဆိုးသည့်စိတ်ဖြင့် ဖုန်းပြောနေတဲ့မေမေ့လက်ကို ပြန်တွဲမည်ဆိုကာမှ မေမေဟာ သူ့အနားမှာ မရှိတော့ပေ။

We Found Luv In The Hopeless PlaceWhere stories live. Discover now