1. A fairy tale started with the word " Nyimalay ".

1.2K 53 1
                                    

ငယ်ငယ်တုန်းက...

အဲ့ဒီတုန်းက ကိုယ်က ကိုကိုကြီးကိုကိုလေးဆိုတဲ့ ရုပ်ချောချော အမွှာညီကိုရဲ့ ရုပ်ဆိုးဆိုးညီမလေးပေါ့။ တစ်မျိုးလုံး တစ်ဆွေလုံးထဲ ကိုယ်တစ်ယောက်ပဲ အသားမဲတာမို့ ဒေါင်းတွေထဲ ကျီးတစ်ကောင်ရောက်နေသလို ငယ်ဘဝဟာ လွမ်းစရာ မရှိခဲ့ဘူး။ ညီမလေးဆိုပြီးလည်း အကိုနှစ်ယောက်ဟာ သည်းသည်းလှုပ်ချစ်ကြတာမျိုးလည်း မရှိ။ စာမတော် ရုပ်မချောတဲ့ ဂျစ်စုတ်စုတ်ကိုယ်ဟာ ကျောင်းမှာ လူတိုင်းနဲ့လည်း မတည့်ချင်။ အသားမဲမဲ မျက်နှာမွဲလေးကိုယ်ဟာ ဇာတ်လိုက်ကျော် မဖြစ်ခဲ့ရဘူးပေါ့။ ကိုကိုကြီးနဲ့ ကိုကိုလေးတို့ ညီကို အပြိုင်လိုက်နေကြတဲ့ ကိုယ်တို့လမ်းထဲက အချောအလှလေး မသီရိကတော့ ကိုယ့်ကို ဂရုစိုက်ပါရဲ့။

အဲ့ဒီချိန်တုန်းက... ကိုယ့်ရဲ့ ဖြေရှင်းမရတဲ့ပဟေဠိဟာ မသီရိပဲ။ မသီရိက ကိုယ့်အကိုတွေထဲက ဘယ်တစ်ယောက်ကို ကြိုက်နေသလဲ သိပ်စိတ်ဝင်စားခဲ့တာ။ အိမ်က မိသားစုကလွဲရင် အမျိုးတွေတောင် ခွဲမရအောင် ရုပ်တူတဲ့ ကိုယ့်အကိုနှစ်ယောက်ကို မသီရိက ရုပ်ခွဲနိုင်သတဲ့။ သေချာပေါက် ကိုယ့်အကိုတွေထဲက တစ်ယောက်ကို ပြန်ကြိုက်လိမ့်မယ် ထင်ခဲ့တာပေါ့။ ကိုယ်ကလည်း အကိုတွေကို နှမျောသလောက် မသီရိကိုဆို ချက်ချင်း ယောင်းမတော်ပစ်ချင်ခဲ့တာ။ ကိုကိုကြီးပဲဖြစ်ဖြစ် ကိုကိုလေးပဲဖြစ်ဖြစ် ဘယ်သူ့ကိုကြိုက်ကြိုက် သဘောတူပစ်လိုက်မှာလို့ တွေးခဲ့တာ။တစ်နေ့မှာ မသီရိဟာ ကိုယ့်ယောင်းမဖြစ်လာလိမ့်မယ်ထင်ခဲ့တာ။

ဒါပေမယ့် ဘဝဆို စီစဉ်ထားသလို တစ်ခုမှ ဖြစ်မလာပဲ...

​မေလရဲ့ တစ်မနက်ခင်းမှာ ကိုကိုကြီးရယ် ကိုကိုလေးရယ် မသီရိရယ်ပဲရှိတဲ့ ကိုယ့်ဘဝထဲ ရှင်းရှင်းနဲ့ ရန်ရန်ဆိုတဲ့ ညီအကိုနှစ်ယောက် ရောက်လာခဲ့တယ်။ အဲ့ဒီမှာ အရာအားလုံးဟာ စတင်လွဲချော်သွားခဲ့တာပါပဲ။

သူတို့မိသားစုက ကိုယ်တို့ခေါင်းရင်းက လူမနေတဲ့ ခြံကြီးရဲ့ ပိုင်ရှင်တွေတဲ့လေ။

" ရီက မေမေနဲ့ သူငယ်ချင်း... သူအိမ်ထောင်ကျပြီး ယောက်ျားနောက်လိုက်သွားတာ။ သူ့သားတွေ ဒီအရွယ်ကြီးရောက်မှပဲ ပြန်လာတော့တယ် "  ဆိုပြီး မေမေက အဲ့နေ့က ရှင်းပြခဲ့သေးတယ်။

Ruby's Wish Leaves Where stories live. Discover now