5. About the spring wish leaves

565 43 8
                                    

ကိုယ်နဲ့ ရန်ရန်ဟာ လူတွေအမြင်မှာ အခုချိန်ထိ အငြင်းပွားစရာဖြစ်နေဆဲပဲ။ ကျောင်းကလူတွေမပြောနဲ့ ကိုယ့်အကိုတွေကတောင် နှစ်ခြမ်းကွဲနေခဲ့တာ။ မသီရိနဲ့ ကိုကိုလေးက ရန်ရန့်စကားကို ယုံတဲ့သူတွေ။ ကိုကိုကြီးနဲ့ ရှင်းရှင်းကတော့ မယုံတဲ့အုပ်စုပေါ့။ သူတို့ထင်နေတာက ကိုယ်ဟာ ရန်ရန့်ကို ကြိုက်နေတာတဲ့လေ...

ကိုယ့်သူငယ်ချင်းမတွေကတော့ စချင်လို့ကို စနေကြတဲ့သူတွေ။ နောက်ပိုင်း ရန်ရန် ကိုယ်ကို သိပ်မခိုင်းတော့ ကိုယ် ရန်မျိုးအောင်ကို လိုက်နေတယ်ဆိုတဲ့ သတင်းက တဖြေးဖြေးပျောက်သွားခဲ့တယ်။ ဒါမှမဟုတ် သတင်းက အသွင်ပြောင်းသွားတယ် ပြောရမလား။ ရန်ရန်က ကိုယ့်ကို သနားလို့အဖြေပေးလိုက်ပြီး တွဲသွားကြပြီဆိုပြီး ထင်နေကြတဲ့ အုပ်စုက တစ်ကမ္ဘာ။ A ခန်းရှေ့ ဖြတ်သွားရင် ' ရန်မျိုးအောင်ဆော်လေး ' ဆိုပြီး စခံရတုန်း။ A ခန်းကလူတွေက ကိုယ့်ကိုမြင်ရင် ' ရန်မျိုးအောင် ' လို့အော်ကြပြီး ကိုယ်တွေ C ခန်းရှေ့ ရန်မျိုးအောင်တို့ အုပ်စုဖြတ်သွားရင် ကိုယ့်ကောင်မလေးတွေက ကိုယ့်နာမည်ကြီး အာပြဲအောင် အော်ခေါ်ကြတော့တာပဲ။ ရန်ရန့် သူငယ်ချင်း အရင်းကြီးတစ်ယောက်ပဲ ကိုယ်တွေဘာမှမဟုတ်ကြဘူးဆိုတာကို ယုံတယ်။ သူ့ယုံပုံ ယုံနည်းကလည်း တစ်မျိုးရယ်။ " ဒီကောင်က ဦးနှောက်ကောင်းတယ်။ ဘယ်လိုလုပ် ရူဘီလို ငတုံးမကို ကြိုက်မှာလဲ " တဲ့။ ဒီခွေးသတောင်းစားကတော့။ ဒါပေမယ့် အဲ့ဒီကောင်က ကိုယ်နဲ့ ထိပ်တိုက်တွေ့ရင်တော့ ကြောက်ရှာတယ်။ ခပ်ရို့ရို့နဲ့ လစ်လစ်ပြေးတာ။

ရန်ရန့်လိုပဲ ကိုယ့်ကို ယုံပေးတဲ့သူငယ်ချင်းမလည်း ရှိခဲ့ပါတယ်။ ခွာညိုမလေ... တကယ်တော့ ဒီဟာမ စလို့ ဒီပြသနာတွေ ဒီလိုရှုပ်လာတာ။ သူပဲ ကိုယ်နဲ့ ရန်ရန်ကို စပေးစားခဲ့တာ။ ဒါပေမယ့် ကိုယ်နဲ့အနီးကပ်ဆုံးနေတဲ့ ခွာညိုက ကိုယ့်အကြည့်တွေဟာ အမြဲ ရှင်းရှင်းဆီမှာပဲ  ငြိတွယ်နေခဲ့တာကို စရိပ်မိလာခဲ့ရာကနေ သူ့စုံထောက်ဉာဉ်တွေပေါ်လာပြီး စုံစမ်းအစ်အောက်မေးတဲ့နောက် ကိုယ်ဝန်ခံရတော့တယ်။
" ဟယ် လက်စသတ်တော့ နင်က ညီကိုမဟုတ်ပဲ အကိုကိုချိန်နေတာကိုး " ဆိုပြီး လက်ခုပ်လက်ဝါးတီး ထအော်လို့ ပါးစပ် ဆွဲပိတ်ခဲ့ရသေးတယ်။

Ruby's Wish Leaves Where stories live. Discover now