![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. » [Renegade - Aaryan Shah] «
0:57 ─〇───── 3:55
⇄ ◃◃ ⅠⅠ ▹▹ ↻ကြားနေကျနှင့် မတူသော တခဲနက်အားပေးသံတွေ ။ အနားမကပ်ချင်မိသော သွေးထွက်သံယိုမြင်ကွင်း ။ အလင်းရောင်အောက်က ကြိုးဝိုင်း ။ အမှောင်ထုသာ ကြီးစိုးသော ခန်းမ ။ ပြီးတော့ ကြိုးဝိုင်းထဲမှာ ရပ်နေသော Kim Gyuvin သည် ကြိုးဝိုင်းအပြင်က သူ့ကို ကြည့်ဖို့ မျက်လုံးကြီးစောင်းကာ ခေါင်းကြီး လည်လာသည်။
မော်ဒယ်တစ်ယောက်နဲ့ မအပ်စပ်သည့် ဒီအသိုင်းအဝိုင်းမှာ မီးလို ရဲတောက်နေသော ဆံပင်နီနီတွေက ထင်းနေလို့ သတိပြုမိသွားတာလည်း ဖြစ်မည်။ သာမန်လူတွေထက် ခေါင်းတစ်လုံးစာမက မြင့်သော ရှောင်ကောကောရဲ့ အရပ်က သိသာနေလို့လည်း ဖြစ်မည်။
ဒါမှမဟုတ် .........
ပန်းဆီရောင် ပွင့်ဖတ်ထူထူလေး အယ်ကျနေသလို စိုစိမ့်စိမ့် နုထွေးလှသည့် နှုတ်ခမ်းဖူးတွေက မီတာတချို့အကွာကနေ အငမ်းမရ ဖမ်းစားနေလို့များလား။*ခွပ်
"..!
အလှလေးကို ငေးမိသော ဒီတဒင်္ဂလေးကြောင့် Kim Gyuvin ရဲ့ နားရင်းတည့်တည့်မှာ ဝိုက်လက်သီးက ဝင်တိုးသည်။ သို့သော် အလင်းထက် လျင်သော တုန့်ပြန်မှုနှင့် ချက်ချင်းထက် မြန်သော လက်က ထိုဝိုက်လက်သီးကို ကာထားပြီးသား။ တဖက်လူက ညံ့နေတာတော့ မဟုတ်နိုင်။ Kim Gyuvin က တော်လွန်းနေတာ ထင်သည်။
"ဘာကို တော်ရမှာလဲ ရှီးလ်* ဒီအလုပ် လုပ်စားနေမှတော့ ဒီလောက် လျင်တာ ဖြစ်သင့်တာပဲ"
ကိုယ့်ဘာသာ မလုံမလဲ ဆင်ခြေတွေပေးပြီး ကိုယ့်ဘာသာ ပူထူ အငွေ့ပျံနေသော သူ့ထံကို Kim Gyuvin ရဲ့ အကြည့်က ရောက်လာပြန်သည်။

YOU ARE READING
𝙃𝙞𝙨 𝙈𝙖𝙣 |completed
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 MMA FIGHTER vs TOP-TIER MODEL 我不需要天堂,因为我找到了你。 I don't need paradise because I found you.