11-Your Sin [𝙃𝙞𝙨 𝙈𝙖𝙣 귭맄]

890 76 85
                                    

»SWIM - Chase Atlantic«0:27 ─〇───── 4:39⇄ ◃◃ ⅠⅠ ▹▹ ↻

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.

»SWIM - Chase Atlantic«
0:27 ─〇───── 4:39
⇄ ◃◃ ⅠⅠ ▹▹ ↻

Warning ◆ Adult, Mind-break

ဟိုတယ်အခန်း​တွေ​ကို Ricky သည် မယုံကြည်။ ဘယ်​လောက်ပဲ လုံခြုံ​ရေး အဆင့်မြင့်သည်​ပြော​ပြော မယုံ​ရေးချ မယုံချင်။

"အသံလုံတာ ​သေချာပါ့မလား မသိဘူး"

Ricky က ကုတင်​ခေါင်းရင်း နံရံကို နား​လေးအပ်ပြီး စိုးရိမ်တကြီး ​ပြောသည့်အခါ သူသည် ခရီး​ဆောင်အိတ် ထဲကို ​မွှေ​နှောက်​နေ​သော လက်က တို့လို့ တန်းလန်း။

​ကြောင်သွားသည် ။
ပြီး​တော့..
သူ ရယ်ပါသည်။

နှစ်လိုဖွယ်ရာ ​
ချော​ချော​လေး

Ricky ဝန်ခံပါသည်။ Kim Gyuvin က ရင်ခုန်ချင်စရာ ​ယောင်္ကျားတစ်​ယောက်။ ​ယောင်္ကျား​ကောင်းတစ်​ယောက်။ Ricky ကို ချက်ချင်းပင် ခုန်အုပ်ချင်​နေခဲ့​သော သားရဲတိရစ္ဆာန်လို မျက်လုံးအကြည့် လှုပ်ရှားမှု​တွေနှင့် သူက Ricky ကို ကုတင်​ပေါ် ​ပွေ့တင်လိုက်ပြီး ​ပြောခဲ့သည်​လေ။ ❝အကာအကွယ် လိုသည်..❞ တဲ့။

Ricky ​ရော သူပါ ကိုယ်ဝန်​ရသွားနိုင်သည့် အ​နေအထားကြီးမှ မဟုတ်တာပဲ။ ထပ်​ပြောရမည် ဆိုရင်ဖြင့် အားကစားသမား Kim Gyuvin သည် ​ရောဂါဘယ ကင်းရှင်း​နေမှာလည်း ​သေချာလွန်းမက ​သေချာသည်။

ဒီ​တော့ Ricky သည်
❝ရပါတယ်❞ လို့ ​​ပြောမိသည်။

သူက ​ချေပသည်။ Ricky က ❝I like it raw.❞ လို့ ဆိုခဲ့လည်း သူက အလဟဿ ဖြစ်ခွင့်မပြုနိုင်​ကြောင်း။

ထိုမှတဖန် Kim Gyuvin ရဲ့
Rick.. ကို မြတ်နိုးတန်ဖိုးထား​ရေး မူကြမ်း
ကို တစ်​ထောင့်တစ်ည ကြာလုနီးပါး နာကြားရပြီး ရှက်လွန်းလို့ ​သေရပါ​တော့မည့် Ricky ။ ဒီ​နေရာမှာ သူသည် Ricky ရဲ့ ပါး​​စောင်​လေးကို ဖုံး​သော ပါးအိလေးကို ဖလွတ်ခနဲ ဖျစ်ကာ မို့မို့​လေး ထင်း​နေ​သော နှာ​ခေါင်း​ရိုး ဖုထစ်​လေးကို ရွှတ်ခနဲ နမ်းပြီး ထ သွားခဲ့တာလည်း ဖြစ်သည်။

𝙃𝙞𝙨 𝙈𝙖𝙣 |completedOpowieści tętniące życiem. Odkryj je teraz