Recommend Song - About You by The 1975
Unicode
ကြည်လင်နေတဲ့ကောင်းကင်ပြာထက်မှာလွတ်လပ်စွာပျံဝဲနေကြတဲ့ ငှက်တစ်စုကပျော်ရွှင်နေကြပုံပေါ်တယ်။စိမ်းစိုစိုသစ်ရွက်နုနုေတွကိုလှုပ်ခတ်ေစတဲ့နွေဦးရဲ့လေပြည်လေညှင်းက ဖြူနုနုမျက်နှာထက်ကိုကလူကျီစယ်စွာလာရိုက်ခတ်နေတယ်။ ဂုတ်အနည်းငယ်ကျော်နေတဲ့နက်မှောင်တဲ့ဆံနွယ်တွေ လေနှင့်အပြိုင်လွင့်မျောနေတဲ့မြင်ကွင်းက မြင်သူတိုင်းအတွက်တော့ကဗျာဆန်လွန်းနေတယ်။
နွေဦးပေမယ့်အဆက်မပြတ်တိုက်ခတ်နေတဲ့လေအေးတွေကြောင့် ဂျောင်ဟန်အလိုမကျစွာနှာခေါင်းရှုံ့မိပြီးလက်နှစ်ဖက်ကိုယှက်ကာဝတ်ထားတဲ့အနွေးထည်ထူထူကိုပိုတိုး၍ဆွဲလိုက်တယ်။အေးလှသည့်ရာသီဥတုမျိုးမဟုတ်ပေမယ့် အအေးဒဏ်ကိုမခံနိုင်တဲ့ဂျောင်ဟန်အဖို့တော့နှာသီးထိပ်ဖျားလေးတွေကိုပါနီစေလေရဲ့။
အနွေးထည်ခပ်ကြီးကြီးထဲမြုပ်နေတဲ့ခန္ဓာကိုယ်သေးသေးလေးကိုကြည့်တာနဲ့သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းဟုတ်မနေတာသိသာပါတယ်။ ဂျောင်ဟန်သူဝတ်ထားတဲ့အနွေးထည်ကိုခပ်ဖွဖွပွတ်သတ်ပြီး လွမ်းရတဲ့အငွေ့အသက်ကလေးရလိုရငြား သူ့မျက်နှာတစ်ခုလုံးကိုထိုအနွေးထည်ထဲအပ်ထားကာနမ်းရှိုက်လိုက်တယ်။ ရင်ထဲကဆစ်ခနဲနာကျင်မှုနဲ့အတူအတွေးတွေကအတိတ်ဆီကိုခေတ္တဖြန့်ကျက်သွားလေတယ်။
" ဂယူရား ငါမင်းကိုယ်သင်းနံ့အပြည့်နဲ့ဒီအနွေးထည်လေးကိုသိပ်သဘောကျတာပဲ "
ဆိုဖာပေါ်မှာတီဗီကြည့်နေတဲ့မင်ဂယူရဲ့ရင်ခွင်ထဲသူ့အနွေးထည်ယူဝတ်ထားပြီးကြောင်ကလေးတစ်ကောင်လို ပွတ်သတ်နေတဲ့ဂျောင်ဟန်ဆီကစကားသံကြောင့် မင်ဂယူနှစ်ခြိုက်စွာရယ်လိုက်တယ်။
" ဟျောင်းသဘောကျရင်ယူလိုက်လေ ကျွန်တော်ပိုင်သမျှအကုန်လုံးကဟျောင်းဟာပဲ "