အပိုင်း ၂

284 42 3
                                    

Unicode

ရင်ခုန်သံစည်းချက်တွေထပ်တူကျတဲ့အခါအတူရှိရတဲ့အခိုက်အတန့်တိုင်းကမြတ်နိုးစရာကောင်းပါတယ်။ မင်ဂယူနဲ့သုံးနှစ်ကျော်ကြာအောင်လက်တွဲပြီးတဲ့အချိန်မှာ ဂျောင်ဟန့်အနေနဲ့မင်ဂယူ့ကိုချစ်မိခဲ့ခြင်းကသူ့နှလုံးသားရဲ့နောင်တအကင်းဆုံးရွေးချယ်မှုဆိုတာ သံသယကင်းကင်းယုံကြည်ခဲ့တယ်။ မင်ဂယူကသူကတိပေးခဲ့တဲ့အတိုင်း သူဟာ‌ေဂျာင်ဟန့်အတွက်အကြွင်းမဲ့ယုံကြည်လို့ရတဲ့လူတစ်ယောက်ဖြစ်ကြောင်း သူ့အချစ်တွေနဲ့သက်သေပြခဲ့ပါတယ်။

ဂျောင်ဟန်မင်ဂယူ့အကြောင်းသူပြောပြသလောက်သိရတာကတော့ မင်ဂယူကတစ်ဦးတည်းသောသားဖြစ်ပြီးသူ့မိဘတွေကတော့နယူးယောက်မှာပဲအခြေချနေကြတယ်တဲ့လေ။ မင်ဂယူ့မိဘတွေကသူတို့သားလေးကိုအတူတူလိုက်ခဲ့ဖို့ခေါ်ပေမယ့် ခေါင်းမာတဲ့သူ့ရည်းစားလေးကငယ်ငယ်ထဲကအကြီးအကျယ်ငြင်းဆိုခဲ့ပြီး သူ့အန်တီလေးဆီမှာပဲနေကျန်ခဲ့တယ်။နောက်တော့ အထက်တန်းပထမနှစ်မှာအဆိုး‌ေကာင်‌ေလးကနယူးယောက်ကသူ့မိဘတွေကိုတိုက်ခန်း‌ေလးတစ်ခန်းလှမ်းပူဆာကာတစ်ယောက်တည်းနေလာတာခုချိန်ထိဖြစ်သတဲ့။ ဂျောင်ဟန်မယုံနိုင်စွာအံ့ဩမိရပြန်ပါတယ်။

ဂျောင်ဟန်အနေနဲ့မိစုံဖစုံရှိတဲ့သူမျိုးမဟုတ်ပေမယ့် ဘဝတစ်လျှောက်လုံးဒီအမေတစ်‌ေယာက်ကိုပဲတွယ်ကပ်ပြီး အမေမရှိရင်မဖြစ်ဘူးဆိုတဲ့အတွေးနဲ့ပဲနေလာခဲ့တာပင်။ အခုချိန်အထိ အမေ့ကိုထားပြီးတစ်ယောက်တည်းခွဲထွက်သွားဖို့စိတ်ကူးလုံးလုံးကိုမရှိနေ။ သူ့ထက်တစ်နှစ်ငယ်တဲ့သူ့ရည်းစားလေးကဘယ်လိုစိတ်နဲ့များနေထိုင်လာခဲ့သလဲသိချင်သော်လည်း သူများအတွင်းရေးဟုတွေးကာမမေးဖြစ်တော့။

ဂျောင်ဟန့်သူ့အတွေးတွေနယ်ချဲ့နေတာကိုရပ်လိုက်ကာသူ့ရှေ့က canvas ပေါ်ကပုံတူပန်းချီကိုကြည့်ရင်းသဘောကျစွာရယ်လိုက်တယ်။ သူ့ရဲ့နှစ်ယောက်မရှိတဲ့ဂင်မင်ဂယူကိုအသေးစိတ်ပုံဖော်ရေးဆွဲထားတာဖြစ်လေတယ်။ ခပ်ထူထူမျက်ခုံးတွေ ၊ ကြယ်လေးတွေလိုတလက်လက်တောက်ပနေတဲ့မျက်ဝန်းတွေနဲ့ ဖြောင့်စင်းနေတဲ့နှာတံပေါ်ကမှဲ့နက်လေးကအစ ရယ်လိုက်ရင်ပေါ်လာတတ်တဲ့သွားစွယ်လေးတွေအထိ ဂျောင်ဟန့်နှလုံးသားထဲစွဲနေတဲ့မင်ဂယူရဲ့မျက်နှာလေးကိုသူ့လက်နဲ့အမြတ်တနိုးပုံဖော်ထားတာဖြစ်တယ်။

Without You Donde viven las historias. Descúbrelo ahora