Unicode
ဂုတ်ထောက်ခါနီးဆံပင်ေတွကို တဝက်စီးထား၍ နဖူးပြေပြေပေါ်သို့ ဟိုတစသည်တစကျနေတဲ့ဆံပင်တွေကိုတောင် သပ်တင်မအားပဲ လက်ထဲမှတစ်စုံတစ်ရာကို အာရုံစူးစိုက်နေတဲ့ဂျောင်ဟန်က ထိုင်နေသည့်နေရာမှမရွေ့တာနာရီပိုင်းမျှကြာလေပြီ။ နာရီလက်တံေလးတတရွေ့ရွေ့ဖြင့် အချိန်အနည်းငယ်ကုန်ဆုံးသွားသည့်နောက်မှာ ဂျောင်ဟန့်လက်ထဲရှိအနက်ရောင်အရာလေးက သိုးမွှေးဦးထုပ်လေးအဖြစ်ပုံပေါ်လာပြီး အဆုံးသတ်အနေဖြင့် ဂျောင်ဟန်ကဦးထုပ်ရဲ့အောက်ခြေတွင် KMG ဟူသောစာလုံးအသေးလေးများကို အဖြူရောင်ချည်ဖြင့်ထိုးလိုက်ကာ မျက်နှာလှလှလေးထက်အပြုံးလှလှလေးတစ်ခုဖြစ်ပေါ်လာသည်။
ဂျောင်ဟန်မင်ဂယူ့အတွက်ရည်စူး၍ ထိုသိုးမွှေးဦးထုပ်လေးအား မအားမလပ်သည့်ကြားက တစ်ပတ်လောက်အချိန်ပေးကာထိုးထားရခြင်းဖြစ်သည်။ ဒီရက်ပိုင်းဂျောင်ဟန်ကောမင်ဂယူကောမကြာခဏမတွေ့ဖြစ်ကြပေ။ သူတို့နှစ်ယောက်လုံးကိုယ်စီ အကြောင်းအမျိုးမျိုးဖြင့်အလုပ်ရှုပ်နေကြပြီး အထူးသဖြင့်ဂျောင်ဟန်သည်နောက်ဆုံးနှစ်ရောက်ေနပြီဖြစ်တာကြောင့် အတန်းချိန်တွေမလစ်ဟင်းဖို့ ပို၍ဂရုစိုက်နေရတာပင်။
သို့ပေမယ့်မင်ဂယူနဲ့ဂျောင်ဟန်တို့ရဲ့ဆက်ဆံရေးက တစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြည့်အဝရှိသည့်ဆက်ဆံရေးဖြစ်တာ၍ ယခုလိုအသေးအဖွဲ့ကိစ္စရပ်ကြောင့် မကျေနပ်တာမျိုးပင်မရှိ။သေချာစဉ်းစားကြည့်လျှင် တွဲလာသည့်တောက်လျှောက်မှာ ကြီးကြီးမားမားရန်ဖြစ်တာမျိုးလည်းမရှိသလို စိတ်ဆိုးစိတ်ကောက်တာမျိုးလည်းမရှိသလောက်ရှားလေသည်။ တစ်ယောက်မကြိုက်သည့်အချက်ကို တစ်ယောက်ကအလိုက်တသိရှောင်ပေးကာ သဘောထားမတိုက်ဆိုင်သည့်ကိစ္စတွေေပါ်လာလည်း တစ်ယောက်မဟုတ်တစ်ယောက်က အရင်အလျှော့ပေးတတ်သည်။ ဒါဟာသူတို့နှစ်ယောက်ဆက်ဆံရေးရဲ့ထူးခြားချက်ပင်။
ဂျောင်ဟန် လက်ထဲမှသိုးမွှေးဦးထုပ်လေးအား စက္ကူဘူးလေးထဲအသေအချာထည့်သိမ်းလိုက်ပြီး လက်နှစ်ဖက်ကိုဆန့်တန်းလျက် နာရီကိုလှမ်းကြည့်လိုက်တော့ ညသန်းခေါင်ပင်ရောက်လုနီးနီးဖြစ်သည်။ တကိုယ်လုံးညောင်းကိုက်နေသည့်ခံစားချက်ကြောင့် ချက်ချင်းအိပ်ပျော်ဖို့မဖြစ်နိုင်၍ ခြံထဲလမ်းဆင်းလျှောက်ရန်ပြင်လိုက်သည်။ အပေါ်ဝတ်အနွေးထည်အပါးလေးကိုယူကာ မေေမမနိုးစေရန် ခြေသံကိုအတတ်နိုင်ဆုံးဖွလျှောက်ပြီး ခြံထဲသို့ဆင်းလာတော့ ထင်ထားသည့်အတိုင်း ရာသီဥတုကအနည်းငယ်အေးစိမ့်စိမ့်ဖြစ်လို့နေသည်။