Part - 1

7.5K 75 1
                                    

"ကျွီ"

"ချောက်"

အခန်းထဲဝင်ဝင်ချင်းပင် မီးခလုတ်လေးဖွင့်လိုက်သည်။မီးအလင်းရောင်ကြောင့်တစ်အိမ်လုံး လင်းသွား၏။သူအခန်းထဲလျှောက်ဝင်လာကာ ကိုင်ထားသောအိတ်ကို ဆိုဖာပေါ်တင်လိုက်သည်။

"ဖူးးးးး"

လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီ ဆိုဖာကိုမှီထိုင်လိုက်ကာ မျက်လုံးမှိတ် အမောဖြေလိုက်သည်။ဒီနေ့က သူဒီနိုင်ငံမှာနေတာ နောက်ဆုံးရက်ဖြစ်သည်။မနက်ဖြန်ဆို မြန်မာနိုင်ငံသို့ပြန်ရမည်။ Paris မှာ နှစ်နှစ်ကြာအောင် ဘွဲ့လွန်ထပ်တက်ခဲ့ပြီး အခုတော့ အချိန်တန်လို့အိမ်ပြန်ရတော့မည်။မွေးရပ်မြေမဟုတ်တဲ့အတွက် ခွဲခွာရမည်ကိုသူဘာမှမခံစားရ။
သို့ပေမယ့် မွေးရပ်မြေဖြစ်သည့် မြန်မာနိုင်ငံကိုပြန်ရတော့မည်ကိုတော့ စိတ်လှုပ်ရှားနေသည်။သူ အမောပြေသွားသည်နှင့် ခရီးဆောင်အိတ်ထဲ ပစ္စည်းအကုန်သိမ်းထည့်လိုက်ပြီးမှ ရေချိူးလိုက်သည်။ရေချိူးပြီးတော့ ညအိပ်ဝတ်စုံလဲကာ အိပ်ယာထဲဝင်အိပ်လိုက်၏

☸☪☸☪☸☪☸☪☸☪☸☪☸

" မမမေ ...."

"ဟင်....."

အလှပန်းအိုးထိုးနေရင်မှ သူမကိုခေါ်သံကြား၍ လှည့်ကြည့်လိုက်သည်။

"အကိုလေးက မနက်ဖြန်ပြန်လာတော့မှာနော်.."

ခိုင်လေးစကားကြောင့် ပန်းအိုးအလှဆင်နေသောသူမလက်များရပ်တန့်သွားရသည်။

"အွန်း ဟုတ်တယ်..... "

" အကိုလေးပြန်လာပြီးရင် မမတစ်ယောက်ထဲမဖြစ်တော့ဘူး အကိုလေးကလဲနော် လက်ထပ်ပြီးပြီးချင်း ဘာလို့နိုင်ငံခြားထွက်သွားရတာလဲမသိဘူး...."

ဟုတ်ပါသည် သူမကလက်ထပ်ပြီးသားမိန်းမတစ်ယောက်ဖြစ်သည်။

မသိသူဆို သူမကိုအပျိူလို့သာထင်ကြသည်။ခင်ပွန်းဖြစ်သူက လက်ထပ်ပြီးပြီးချင်းနေ့မှာတင် နိုင်ငံခြားထွက်သွားတာကြောင့် သူမတို့လက်ထပ်ပွဲသာလုပ်ပြီး လက်မှတ်ထိုးထားရသည်။ခင်ပွန်းဖြစ်သူကိုတောင် မင်္ဂလာပွဲပြင်ဆင်တုန်းကစသိပြီး လက်ထပ်ခဲ့ရသည်။သူမတို့လက်ထပ်ပွဲက မိဘများစီစဥ်ပေးတါကြောင့် လက်ထပ်ခဲ့ရသည်။သူနှင့်သူမ စကားနှစ်ခွန်းတောင်ပြည့်အောင်မပြောဖူး ထို့ကြောင့် ခင်ပွန်းဖြစ်သူနှင့် သူမမရင်းနှီးပါ။သူနိုင်ငံခြားမှာရှိနေစဥ် ph ဆက်လာရင်တောင် ယောက္ခမဖြစ်သူနှင့်သာပြောကြသည်။အခုတော့ သူပြန်လာတော့မည်။သူပြန်လာတာမထူးဆန်းပေမယ့် သူမအတွက်တော့ စစ်မှန်တဲ့ အိမ်ထောင်ရေးကို ရင်ဆိုင်ရတော့မည်မို့ ရင်တုန်မိသည်။

နွေးထွေးသော ချစ်ခြင်းမေတ္တာWhere stories live. Discover now