“ဟူး…..”
“......စားသောက်ဆိုင်”
“ဒါက …”
“ကိုယ်တို့ချိန်းထားတဲ့ ဆိုင်လေ..”
“....”
ကားထဲကပင် ဆိုင်နာမည်ကိုလှမ်းကြည့်နေတော့ သွေးက ဖြေလာသည်။
“လာ ကိုယ့်သူငယ်ချင်းတွေ စောင့်နေလောက်ပြီ…”
“ဟုတ်…”
ကားထဲကာထွက်ကာ သူ့လက်ကိုတွဲပြီး ဆိုင်ထဲဝင်ခဲ့ကြသည်။
ဆိုင်ထဲရောက်တော့ သူ့သူငယ်ချင်းများကပင် ရောက်နေပြီဖြစ်၏။နောက်ကျနေပုံရတဲ့ သူမတို့ကြောင့်
အားပင်နာမိသည်။
“လာ….”
“ကြာပြီလား …”
“နာရီဝက်တောင်ရှိနေပြီ မင်းတို့လာမှလာပါ့မလားလို့…”
ငြီးတွားသံကြောင့် သွန်း ပို၍အားနာလာရသည်။ ထွက်လာခါနီး မှာလို့မပြီးသေးသည့် သူမကြောင့် သူပင်တော်တော်စောင့်လိုက်ရသည်။ လမ်းမှာ မီးပွိုင့်မိသည့်အချိန်နှင့်တွက်ကြည့်ရင် ချိန်းထားသည့်အချိန်ထက် ၁၅မိနစ်နောက်ကျနေ၏။စောရောက်နေပုံရသည်ကြောင့် သူတို့ပြောတာမှန်လောက်မည်ဟု တွေးကာ သူမစိတ်ထဲ နေလို့အဆင်မပြေတော့ပေ။
“Sorry ကွာ ငါပစ္စည်းရှာနေတာနဲ့ နောက်ကျသွားတယ်…”
“အေးပါ အဟင်း…”
သွေး၏စကားကြောင့် အကုန်လုံးက သိနေတယ်နော် ဆိုသည်အမူအရာဖြင့် ပြုံးနေကြ၏။
“မတ်တပ်ကြီးနဲ့ မရီးညောင်းနေတော့မယ်…”
“ဟာ ဟုတ်သား လာထိုင်ပါ..”
မတ်တတ်ရပ်ဖြစ်နေကြ၍ ထိုင်ရန်သတိပေးလာကြ၏။
“ရပါတယ်ရှင့်…”
“အခုမှ သေချာတွေ့ရတော့တယ် မရီးက အတော်လှတဲ့ အမျိုးသမီးပဲ…”
“ဟေ့ကောင်..”
ရန်နိုင့်ဆီက ထွက်လာသည့်စကားကြောင့် မင်းသူက လှမ်းဟန့်သည်။
“ငါပြောတာမှားလို့လား အမျိုးသမီးတစ်ယောက်က တကယ်လှပြီးကျက်သရေရှိတာ ရှားတယ်ကွ ငါပြောတဲ့လှတယ်ဆိုတာ တခြားစိတ်မပါဘူး ရိုးရိုးသားသားပြောတာ..”
YOU ARE READING
နွေးထွေးသော ချစ်ခြင်းမေတ္တာ
Romance'နှလုံးသားချင်းတူပေမယ့် ရရှိတဲ့အနွေးဓာတ်ချင်းကျ ပေးတဲ့သူအပေါ် မူတည်တယ်..." မေသွန်းခ