Junction square ရောက်တော့ ကားပါကင်၌ကားကိုထားပြီး သူမတို့ဓာတ်လှေကားဖြင့် တက်လာခဲ့သည်။ရုပ်ရှင်ကြည့်မည်မို့ ရုပ်ရှင်ရုံသာ အရင်လာခဲ့လိုက်၏။ရုံရောက်မှ သူဘိုကင်ယူထားတဲ့ လက်မှတ်ကိုယူပြီး အထဲဝင်လာခဲ့သည်။အထဲ၌ သူမတို့ထိုင်ရမယ့်နေရာက အတွဲခုံဆိုတာကြောင့် မျက်လုံးပြူးသွားရပြန်၏။ သူကတော့ သူမလက်တောင် တွဲထားတုံးပင်....
"ကို...."
"ဟင်...."
"ခုံက.... "
"အင်း ဟုတ်တယ်လေ ဘာလို့လဲ နှစ်ယောက်ထဲအေးဆေးထိုင်လို့ရအောင်လေ...."
"ဟမ်...."
"အံသြမနေပါနဲ့ လာပါကွာ ရုပ်ရှင်ပြတော့မယ်ထိုင်ရအောင်..."
သွန်းလက်ကိုဆွဲချကာ ခုံ၌ထိုင်စေသည်။သူမတို့ထိုင်ပြီးမကြာ နိုင်ငံတော်အလံကို အလေးပြုရတော့ ထရပြန်သည်။ပြီးတော့မှ ကြော်ငြာများလာသည်။စစ်သွေး ရုပ်ရှင်မလာသေးပေမယ့် ကြော်ငြာကိုကြည့်နေတဲ့ သူမဆီ မုန့်ထုပ်များပေးလိုက်သည်။
"အများကြီးပဲ.... ဘာတွေဝယ်လာတာလဲ..."
"မများပါဘူး အအေးနဲ့ပေါက်ပေါက် အချဥ်ထုပ်တွေပဲပါတာ...."
"သွန်းအများကြီးမစားဘူး...."
"အင်း ရတယ် မစားနိုင်လဲချန်ထားပေါ့.....နောက်မှစားလဲရတာပဲ....."
"ဟုတ်......"
ဇာတ်ကားစလာနေပြီမို့ သွန်းတို့စကားဖြတ်ကာ အာရုံကို ရုပ်ရှင်ထံပို့ထားလိုက်သည်။English စကားပြောသံကြီးထွက်လာတာကြောင့် သူမအံ့သြသွားရသည်။
"ကို ပြောတော့ မြန်မာကားဆို...."
"အဲ့တာက ကြည့်လိုက်ပါသွန်းရဲ့ ဇာတ်လမ်းကအရမ်းကောင်းတယ် သွန်းကြိုက်သွားမှာသေချာတယ်......"
"တကယ်လား...."
မယုံသလိုမေးနေသော သွန်းကြောင့် သူရီလိုက်မိသည်။
"အွန်း ဟုတ်တယ်....... "
"ပြီးရော......"
သူ့စကားကို ယုံကြည်ပေးလိုက်ပြီး ခဏကြာ...
YOU ARE READING
နွေးထွေးသော ချစ်ခြင်းမေတ္တာ
Romance'နှလုံးသားချင်းတူပေမယ့် ရရှိတဲ့အနွေးဓာတ်ချင်းကျ ပေးတဲ့သူအပေါ် မူတည်တယ်..." မေသွန်းခ