"သွန်း ကိုသွားတော့မယ်..... "
"ဟုတ် ကားကို ဂရုစိုက်မောင်းနော်...."
"အင်း... နေ့လည်ကျရင် ph ဆက်လိုက်မယ်..."
"ဟုတ်...."
ဒီနေ့လည်း သူကသွန်းကိုကျောင်းသို့လိုက်ပို့၏။သွန်း သူ့ကိုနှုတ်ဆက်ကာ သူမခြင်းတောင်းလေးကိုဆွဲလျက် ကျောင်းတွင်းဝင်လာခဲ့သည်။
စစ်သွေး သူမကျောင်းထဲဝင်သွားမှ ဆေးရုံသို့လာခဲ့သည်။
သွန်းကျောင်းထဲဝင်လာတော့ သူမနောက်မှ ဆရာမနန်းအေးက ကပ်ပါလာပြီး.....
"သွန်း ဒီနေ့လဲ ခင်ပွန်းကလိုက်ပို့တာလား..."
"ဟုတ်တယ် ဆရာမ..."
"သွန်းတို့များအိမ်ထောင်ကျကံကောင်းပါတယ် သွန်းခင်ပွန်းက သွန်းကိုတော်တော်ချစ်ပုံရတယ် နေတိုင်းမနက်ဆို ကျောင်းပို့တယ် နေ့လည်ဆိုလဲ ကျောင်းဆင်းချိန်ကွက်တိ ph ဆက်တယ် ဟင်း ဟင်း.... တို့များတော့အဲ့လိုမဟုတ်ပေါင် မနက်လိုက်ပို့ဖို့နေနေသာသာ သူ့အလုပ်တွေနဲ့ပဲရှုပ်နေတယ်....ဖုန်းဆို ဆက်ဖို့မပြောနဲ့ သတိတောင်ရရဲ့လားမသိဘူး ...."
မမြင်ရတဲ့ခင်ပွန်းဖြစ်သူကို အလိုမကျသောမျက်စောင်းများထိုးကာပြောနေသော ဆရာမနန်းအေးကိုကြည့်ရင်း သွန်းပြုံးလိုက်မိ၏။
"ဟင်းဟင်း အလုပ်များလို့နေမှာပါ ဆရာမရယ်..."
"သိပါဘူး သူ့အလုပ်တွေ....... အယ်ဒါနဲ့ သွန်း ဒီတစ်ပတ်စနေနေ့ ကျွန်မရဲ့မွေးနေ့ရှိတယ် လာခဲ့နော် ဖိတ်စာတော့မလုပ်ဖြစ်ဘူး ဆရာမတွေနဲ့ သူ့အလုပ်ကလူတွေပဲဆိုတော့ ပါးစပ်နဲ့ပဲဖိတ်ဖြစ်တယ်..."
"ဟုတ်ကဲ့...."
"လာဖြစ်အောင်လာခဲ့နော်..."
"ဟုတ်ကဲ့...."
သွန်းကို အတင်းဖိတ်နေတော့ မငြင်းတော့ဘဲ လက်ခံလိုက်သည်။လူမှုရေးဆိုတာကလည်းရှိသေးသည်မဟုတ်လား....သူမတို့စကားပြောရင်း လျှောက်လာလိုက်တာ နားနေခန်းထဲတောင်ရောက်လာချေပြီ။
"ဘယ်ကိုခေါ်နေတာလဲ နန်း... "
"အော် စနေနေ့ ကျွန်မမွေးနေ့လေ အဲ့တာ သွန်းကိုလာခဲ့ဖို့ဖိတ်နေတာ...."
YOU ARE READING
နွေးထွေးသော ချစ်ခြင်းမေတ္တာ
Romance'နှလုံးသားချင်းတူပေမယ့် ရရှိတဲ့အနွေးဓာတ်ချင်းကျ ပေးတဲ့သူအပေါ် မူတည်တယ်..." မေသွန်းခ