ဓားချင်းထိခတ်သံတွေ...
ညာသံပေးစီးချင်းထိုးသံနဲ့ သွေးပျက်ဖွယ်နာကျင်ငြီးညူသံတွေ...ခြေချစရာမရှိအောင် ပြည့်နှက်နေတဲ့ သွေးကွက်တွေဆီကနေ လှိုင်လှိုင်တတ်လာတဲ့ သွေးညှီနဲ့တွေနဲ့...
နန်းဆောင်ရင်ပြင်မှာ ပုံထပ်နေတဲ့ စစ်သည်အလောင်းတွေဟာ မင်္ဂလာအချိန်အခါတစ်ခုကနေ ကျတ်သရေကင်းမဲ့ခြင်းဆီသို့ ကူးပြောင်းသွားသော မြင်ကွင်းတွေ...။ရတနာအသွယ်သွယ် စီခြယ်ဆင်မြန်းထားတဲ့ လက်တွေထဲမှာ တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထားရတာက သွေးဆာနေတဲ့ နဂါးပတ်ရွှေရောင်ဓားရှည်...
ပြီးတော့.. လက်ဝဲဘယ်ဘတ်မှာ ဆုတ်ကိုင်ထားရတာကထိမ်းမြားချီးမြှောက်ရာ မရောက်ရသေးတဲ့ အကြင်သူမိဖုရားလောင်းလျာရဲ့လက်တွေ...။
အနီးကပ်ပြေးတတ်လာတဲ့ ရန်သူနောက်ဆုံးတစ်ယောက်၏လည်မျိုကို ဓားနဲ့ပိုင်းဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ငုံ့ကြည့်မိတော့လည်း ပန်းနုရောင်မင်္ဂလာပိုးသားဝတ်ရုံပေါ်မှာ စွန်းပေနေပြီဖြစ်တဲ့ မသတီစရာသွေးတွေ...။
ဒီနေရာမှာ အသက်ရှင်သူဆိုလို့ မိမိတို့နှစ်ဦးတည်းသာ ကျန်တော့တာမို့ အခုမှဝအောင်ရှိုက်ရှူလိုက်နိုင်တဲ့ ပင့်သက်တွေကနေ နှလုံးသွေးအထိစီးဆင်းသွားတာက မောပန်းနွမ်းလျခြင်းနဲ့ ပြိုင်ဆိုင်နေတဲ့ အမျက်ဒေါသတွေ...။
" အရှင့်သား !"
ပြင်ပနန်းမြို့ရိုးဆီကနေ အပြေးအလွှားရောက်လာတဲ့ ကိုယ်ရံတော်တပ်မှူးသည်လည်း တစ်ကိုယ်လုံးမှာ သွေးတွေပေကျံနေလျက်နဲ့ပင် သွေးတစ်စက်စက်ကျနေတဲ့ဓားရှည်ကို ကြမ်းပေါ်ထောက်ရင်း ဒူးတစ်ဖတ်ထောက်ချကာ အခစားဝင်ပြီး အရိုအသေပေးလာသည်။
" နန်းတော်ကနေ မြန်မြန်ထွက်ခွာပါတော့ အရှင့်သား"
" ရန်သူတွေကိုသုတ်သင်ပြီးပြီလေ ဘာအကြောင်းထူးရှိသေးလို့လဲ"
" ရန်သူ့ဘုရင်ကိုယ်တော်တိုင်က ဒီအရှေ့နန်းဆောင်ထဲကို ဝင်ရောက်ကျူးကျော်လာပါပြီ "
" ဘယ်လို! "
" အရှေ့နန်းဆောင်အရံအတားတွေအားလုံးလည်း ကျိုးပေါက်သွားပါပြီ အရှင့်သား "
KAMU SEDANG MEMBACA
အိမ်မက်စေရာ
Fiksi Penggemarဝဋ်ကျွေးမဟုတ်ဘူး ကျိန်ခဲ့တာ... သံသရာအဆက်ဆက်အထိ မင်းကိုငါကလွဲပြီး ဘယ်သူမှပိုင်ဆိုင်ခွင့်မရနိုင်အောင် ချစ်လွန်းလို့ ငါ့အသက်နဲ့ရင်းပြီး တိုက်ခဲ့တဲ့ ကျိန်စာ! 💔