Chapter - 1

410 37 0
                                    

- Unicode

ယနေ့ Kim Mingyu တစ်ယောက် ကုမ္ပဏီမှ အိမ် ပြန် jewellery ဆိုင်တစ်ခုတွင် ကြိုတင်မှာယူထားခဲ့သော လက်ကောက်တစ်ကွင်းကို ဝင်ယူလျက် ပန်းစည်းတစ်စည်းကိုပါ ဝင်ဝယ်သွားလိုက်သည်။

ဒီနေ့ဟာ သူနဲ့ Myung Ho ရဲ့ နှစ်ပတ်လည်နေ့။ ၃ နှစ်ပြည့်သွားပြီဖြစ်သော သူတို့၏ ဆက်ဆံရေးမှာ အထွေအထူး ရန်ဖြစ်ခဲ့သည်ဟူ၍ မရှိခဲ့ဘဲ အများအားကျရသော Healthy relationship တစ်ခုဖြစ်နေခဲ့သည်။

"‌Myungho ya~"

အသံချိုချိုလေးနှင့် အိမ်ထဲဝင်ရောက်လာသော Kim Mingyu အား ကြောင်ပြီး လှမ်းကြည့်နေမိသော Seo Myung Ho...

"မင်း...မင်းပြောတော့ နည်းနည်းနောက်ကျမှာဆို?"

တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလာသော Seo Myung Ho မှာ ဧည့်ခန်းကော်ဇောပေါ်တွင် ဒူးထောက်ထားကာ စားပွဲပေါ်ရှိ ကိတ်မုန့်ဘူးအား ထုတ်ရန် ပြင်ဆင်နေလျက် ရှိနေပြီး သူ့နောက်က နံရံများတွင်လဲ ပူဖောင်းလေးများ ကပ်ထား၏။

"ငါပြင်နေတာ မပြီးသေးဘူးကို..."

Kim Mingyu အား အံ့ဩသွားစေရန် စီစဉ်ထားသော အစီအစဉ်ပျက်သွား‌လို့သည်မို့ မကျေမနပ်အသံလေးဖြင့် ပြောလာကာ မတ်တပ်ရပ်လိုက်သော Seo Myung Ho...

Kim Mingyu အသာရယ်လိုက်ပြီး Seo Myung Ho အနားသို့ သွားကာ ပန်းစည်းလေးအား ပေးလိုက်ရင်း

"အခုလဲ တော်တော်ပြီးနေပြီပဲကို အတူတူဆက်လုပ်ရအောင်ပါ"

"ငါက မင်းကို အံ့ဩသွားအောင်လုပ်ချင်တာ"

"အခုလဲ ငါ အံ့ဩသွားတယ်လေ အိမ်ထဲ ဝင်လာတာနဲ့ ငါ့ကောင်လေးက ငါ့အတွက် ဒီလိုတွေ စီစဉ်ပေးနေတာလေ အံ့ဩပြီးအရမ်းပျော်သွားတာ"

"တကယ်လား"

"အင်း"

"ဒါပေမယ့် ကိတ်မုန့်က ထုတ်တောင်မထုတ်ရသေးဘူး"

"ထုတ်လိုက်ရင် ရပြီလေ လာ ထိုင်"

Mingyu ပြောရင်းဆိုရင်း Myung Ho ကိုယ်လေးအား လက်ဖြင့် အသာဖိကာ ဆိုဖာပေါ်တွင် ထိုင်စေလိုက်သည်။ သူကိုယ်တိုင်ကတော့ဖြင့် ကိတ်မုန့်အား ထုတ်ကာ သေချာပြင်လိုက်သည်။

𝑨 𝑺𝒕𝒓𝒂𝒏𝒈𝒆𝒓 𝑰 𝑴𝒆𝒕 𝑶𝒏𝒄𝒆 // 𝘎𝘺𝘶𝘏𝘢𝘰Where stories live. Discover now