Chapter - 3

178 21 1
                                    

- Unicode

ယနေ့တွင် MyungHo တစ်ယောက် ကိုရီးယားရောက်လာသော သူ့မိဘများအား သွားတွေ့လိုက်သည်။

"ပါး..မား"

"MingHao ရောက်ပြီလား"

"အင်း ပါးကော"

"မင်းအဖေ ကုမ္ပဏီက ပြန်လာနေပြီ ရောက်တော့မယ်ပြောတယ် လက်ဆောင်တွေ ဒီမှာထားခဲ့ သွား အခန်းထဲ သွားနားလိုက် ညစာ စားလို့ရရင် ခေါ်လိုက်မယ်"

"ဟုတ်"

__________

"သား ဒါလေးထည့်စား"

"ဒါလေးလဲ စားပေးရတယ်"

"ဒါက မျက်စိအားကောင်းတယ်တဲ့"

"ရပါပြီ ရပါပြီ ပန်းကန်မှာလဲ ပြည့်နေပြီ ကျွန်တော့်ကို မထည့်ပေးနဲ့တော့ မားလဲ စားပါအုံး"

ရှိသမျှဟင်းများ၏ တစ်ဝက်စာသာ ကိုယ့်ပန်းကန်တွင် ပုံလျက် ပြည့်နေအောင် ထည့်ပေးနေသည့် အမေ့အား ကြည့်ကာ MyungHo မှာ ရယ်ရအခက် ငိုရအခက်။

ဒီတစ်ခေါက် တရုတ်ပြန်သည်က ငါးလလောက် ကြာသည်မို့ အမေတို့နှင့် မတွေ့ရသည်မှာ အတော်ပင် ကြာပြီဟု ပြောလို့ရသည်။ လွမ်းနေသော မျက်နှာလေးများအား မြင်လိုက်ရချိန်တွင် MyungHo ရင်ထဲ အေးချမ်းလို့နေ၏။

"မင်း ဒီရက်ပိုင်း ဘာလုပ်နေတာလဲ"

"Website တွေ လက်ခံထားတာ ရှိတယ် ဒီလအတွင်းတော့ အပြီးဖြတ်ရမှာ"

"ကုမ္ပဏီကိုကော နည်းနည်းလောက် မလေ့လာချင်ဘူးလား"

"ကျွန်တော့် အလုပ်က အဆင်ပြေပါတယ် ကုမ္ပဏီကိစ္စတွေကို ငယ်ငယ်ထဲက လေ့လာခဲ့ရတာလေ
ပြီးရင်လဲ ပါးရဲ့ကုမ္ပဏီကို ဆက်ခံရမှာပဲကို ကြားထဲတော့ ဝါသနာပါတာလေး လုပ်ပါရစေ"

"ကုမ္ပဏီရဲ့ အခြေအနေက ဆက်တိုင် လေ့လာနေဖို့လိုတာ မင်းရှေ့ရေးအတွက် သေချာတာကို လုပ်သင့်တယ်"

"လောင်ကုန်း တော်ပါတော့ သားကို အခုမှ တွေ့ရတာကို စိတ်ညစ်အောင်မလုပ်နဲ့လေ"

ဘေးက MyungHo စိတ်အဆင်မပြေပုံမြင်သည်နှင့် အမေဖြစ်သူသည် ဝင်တားပါတော့သည်။

"သား ဒီမှာ အိပ်မှာမလား"

"ဟုတ် မား မနက်မှပဲ ပြန်တော့မယ်"

𝑨 𝑺𝒕𝒓𝒂𝒏𝒈𝒆𝒓 𝑰 𝑴𝒆𝒕 𝑶𝒏𝒄𝒆 // 𝘎𝘺𝘶𝘏𝘢𝘰Where stories live. Discover now