Chapter - 4

209 22 1
                                    

- Unicode

"Mingyu ya, အလုပ်နားရက်မှာ ဒီကို လာပေးလို့ ကျေးဇူးပါကွာ"

"ရပါတယ်ဗျ ဦးလေး ပြောချင်တာကိုပဲ ပြောပါ"

"အင်း မင်းညီမလေး X University မှာ ဝင်ခွင့်ရတယ် ကြားတယ်"

Myungho အဖေ၏ စကားအသွားအလာမှာ ညီမဖြစ်သူ ပါဝင်လာသောကြောင့် Mingyu ထိတ်လန့်သွားသည်။ ပိတ်ရက်ဟု ဆိုနိုင်သော ရက်တစ်ရက်မှာ Myungho အဖေဖြစ်သူက စားသောက်ဆိုင်တစ်ခုတွင် တွေ့ဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် ငြင်းဆန်၍မရကာ လာရောက်တွေ့ဆုံခဲ့သည်။ မိမိအား အစကတည်းပ သဘောမတွေ့ကြောင်း သိထားသည်မို့ အကြောင်းအရင်းရှိရမည်ဟု တွေးခဲ့သည်မှာ အမှန်ပင်ဖြစ်နေသည်။

"ဦးလေး လိုချင်တာကို တည့်ပြောပါ"

"စိတ်လျှော့ပါ မင်းညီမလေးကို မထိခိုက်ပါဘူး မင်း ညီမ‌လေး တက်မယ့် X City မှာ ဦးလေးတို့ စီးပွားရေးလုပ်ငန်းရှိတယ်ဆိုတာ မင်းလဲ သိထားမှာပါ"

"ဟုတ်ကဲ့"

"အပေးအယူတစ်ခုလုပ်ရအောင်"

"ကျွန်တော့်အတွက်လဲ အကျိုးရှိဖို့ မျှော်လင့်ပါတယ်"

"ဒါပေါ့ ဦးလေးတို့က အဲ့လောက် သဘောထားမသေးပါဘူး"

Myungho အဖေဖြစ်သူမှာ ဘေးဘက်ရှိ စပျစ်ဝိုင်အား တစ်ငုံသောက်လိုက်၍ စကားဆက်လေသည်။

"အဲ့တော့ကာ ဦးလေးတို့အနေနဲ့ ဒူဘိုင်းမှာရှိတဲ့ X City က အရမ်းဝေးလွန်းတယ် အဲ့လိုဆိုတိုင်း စီမံခန့်ခွဲမှုက ကိုယ့်လက်အောက်က လွတ်သွားလို့လဲ မရပြန်ဘူး"

စကားခဏရပ်ကာ Mingyu အား တစ်ချက်ကြည့်လိုက်ပြီး ဆိုလေသည်။

"Mingyu မင်းကို ဦးလေးတို့ ကြည့်ရ‌သလောက် မင်းအခုလုပ်တဲ့ ကုမ္ပဏီမှာလဲ နိမ့်တဲ့ရာထူးမဟုတ်ဘူး စီမံခန့်ခွဲမှုပိုင်းလဲ နိုင်နင်းမယ်လို့ ယုံကြည်ထားတယ် ပြီးတော့ မင်း ညီမကလဲ အဲ့မြို့က University မှာပဲ တက်ရမှာဆိုတော့ အရမ်းလဲ ဝေးမှာမဟုတ်ဘူး"

စကား၏ ရည်ရွယ်ချက်ကို ရိပ်မိနေသော Mingyu မှာ အံ့ဩတုန်လှုပ်လာရသည်။ သေချာပေါက်‌ပင် ဒီစကားများဟာ ဒူဘိုင်းက ကုမ္ပဏီအား သွားစီမံစေချင်သည်ကို ဦးတည်နေသည်။

You've reached the end of published parts.

⏰ Last updated: Jun 07 ⏰

Add this story to your Library to get notified about new parts!

𝑨 𝑺𝒕𝒓𝒂𝒏𝒈𝒆𝒓 𝑰 𝑴𝒆𝒕 𝑶𝒏𝒄𝒆 // 𝘎𝘺𝘶𝘏𝘢𝘰Where stories live. Discover now