Chapter - 2

157 22 0
                                    

- Unicode

"ဝေ... ပါး"

"အင်း မင်းအခု ဘယ်မှာလဲ"

"အိမ်မှာပေါ့ ပါးရဲ့"

"Kim Mingyu ကော"

"သူ အလုပ်သွားတယ်"

"အင်း ပါးတို့ ကိုရီးယားပြန်ရောက်နေပြီလို့ လှမ်းအကြောင်းကြားတာ တစ်ရက်လောက် အိမ်လာခဲ့ Kim Mingyu ကို မခေါ်လာနဲ့"

"ပါးးး..."

‌MyungHo ပြန်ပြောချိန်မရလိုက်ဘဲ သူ့အဖေမှ ဖုန်းချသွားလေရာ သက်ပြင်းဖွဖွသာ ချမိ၏။ ‌Myungho တို့၏ မိသားစုမှာ တရုတ်များဖြစ်ကြပြီး သူ၏မွေးနာမည်မှာ Xu Ming Hao လို့ အမည်ရသည်။ MyungHo ငယ်စဉ်ကတည်းက ကိုရီးယားတွင် အခြေချကာ စီးပွားရေးချဲ့တွင်ခဲ့သည်မလို့ မိဘများက ကိုရီးယား နာမည်လဲ ပေးခဲ့ကြသည်။ MyungHo ၏ အဖေမှာ တရုတ်နှင့် ကိုရီးယား မကြာခဏ ခရီးသွားလေ့ရှိပြီး သူ့အမေကလဲ တစ်ခါတစ်ရံလိုက်ပါသွားတတ်လေသည်။

မိသားစုမှာ မျိုးရိုးမြင့်ဖြစ်ပြီး အတော်လဲ အဆင့်အတန်းမြင့်ကာ ချမ်းသာသည်မို့ တစ်ဦးတည်းသော သားဖြစ်သူ MyungHo က ယောက်ျားလေးတစ်ယောက်နှင့် တွဲနေသည်ကို အမြင်မကြည်။ ပိုဆိုးသည်က Kim Mingyu မှာ သူတို့လို မျိုးရိုးနှင့် မဟုတ်ဘဲ သာမန်ဖြစ်နေ၍ ပိုအမြင်မကြည်ဖြစ်နေ၏။ သို့သော်လည်း သားဖြစ်သူအား ချစ်လှသည်မို့ အရမ်းကြီးတော့ ကန့်ကွက်မနေခဲ့ပါ။ ဒါကလဲ တော်သေးသည်ဟု ပြောနိုင်သည်။

တစ်ပတ်ခန့်ကြာသော် Miso မှာ အိမ်ရောက်လာလေသည်။ Mingyu ၏ ပိတ်ရက်လဲဖြစ်သည်မို့ အိမ်တွင် အတူတူ ချက်ပြုတ်စားကြရင်း စကားစမြည်ပြောနေကြသည်။

"Mingyu Oppa.. ညီမ တစ်ခုပြောပြစရာရှိတယ်"

"ဘာတုန်း စကားပုလ္လင်တွေခံပြီးတော့"

"ညီမ X University မှာ ဝင်ခွင့်လျှောက်ထားတယ်..."

"ဟင်..."

"အောင်မအောင်တော့ မသိသေးပေမယ့် ကြိုးစားကြည့်လိုက်တာ"

"အောင်မှာပါ Miso က တော်ပြီးသားကို"

"ဟုတ်တယ်မလား ဟီး ကျေးဇူးပါ MyungHo Oppa~"

"မလိုပါဘူး"

𝑨 𝑺𝒕𝒓𝒂𝒏𝒈𝒆𝒓 𝑰 𝑴𝒆𝒕 𝑶𝒏𝒄𝒆 // 𝘎𝘺𝘶𝘏𝘢𝘰Where stories live. Discover now