(🆉)
(နည်း"တော်"လေး ကြမ်းပါတယ်နော် 18+အပိုင်းသပ်သပ်ပါ)
"အခုထိ မပြီးသေးဘူး ကလေးတွေကိုပြင်ပေးနေတာ ကြာနေပြီနော် ဒီတိုင်း ရိုးရိုးရှင်းရှင်းလေးလည်းရပါတယ် ချစ်ချစ်ရုပ်ကိုပြန်ကြည့်ဦး အခုထိမပြင်သေးဘူး မျက်နှာပြောင်နဲ့ "
"အရမ်းမကြာပါဘူး ခဏလေးပဲနော် "
"သဲသဲလုပ်ပေးလိုက်ပါမယ်ဆိုနေမှ "
"အာညီးရား ကိုယ်လည်း အဖေပဲ ကလေးတွေ ကြည့်ကောင်းနေမှဖြစ်မှာပေါ့ "
ပြောမရသည်မလို့ ထယ်ယောင်း ဘီးတစ်ချောင်းယူကာ ဂျောင်ကုဆံပင်ကို ပြင်ပေးလိုက်သည် ။ လေလည်းမှုတ်ပေးပြီး ခေါင်းလိမ်းဆီလူးပြီးသည်အထိ သူ့သမီးကို ပြင်ဆင်လို့မပြီးနိုင်သေး ။ သူ့သမီးကြည့်တော့ သေးသေးလေးရယ်ပါ လမ်းလျှောက်ကာစလေးပဲရှိသေးတာကို ။
ဘာလုပ်လုပ် သူကိုယ်တိုင်ပြင်ဆင်ပေးမှ စိတ်တိုင်းကျတာဂျောင်ကုက။
ဒီနေ့ Party ပွဲတစ်ပွဲတက်ရဖို့ရှိသည်မလို့ မိသားစုလိုက်ပြင်ဆင်ပြီးသွာကြမှာ ။
"ချား ပြီးသွားပါပြီဗျာ"
စတော်ဘယ်ရီသီးဦးထုတ်လေး ဆောင်းထားတဲ့သမီးလေးက ချစ်စရာလုံးလုံးလေးပင် ။ သူ့အဖေ သူ့ကိုလည်းပြင်ပြီးတာနဲ့ အစ်ကိုဖြစ်သူလက်ကိုတွဲသွားပြီး အခန်းထဲမှ ထွက်သွားလေသည် ။
ကလေးတွေထွက်သွားမှ ဂျောင်ကုကို ထယ်ယောင်း လိုက်ကူညီပြင်ဆင်ပေးသည် ။
"Wow လှလိုက်တာ အသဲလေး "
နုဖတ်ဖတ်လေးဖြစ်နေသည့်ထယ်ယောင်းကို မှင်သက်နေသည့်ရုပ်လေးဖြင့် ချီးကျူးသည့်ဂျောင်ကုရယ်။
ထယ်ယောင်းက ဂျောင်ကုအင်္ကျီကြယ်သီးတွေကိုလိုက်တပ်ပေးရင်း မျက်စောင်းထိုးသည် ။
"အခုမှ သဲသဲကို မြင်တော့တာပေါ့လေ "
"အာညီးရား ကလေးတွေဘက် အရင်အာရုံရသွားလို့ပါ "
"နောက်ကျနေတော့မှာ တော်သေးတာပေါ့ ရုပ်ရည်လေးကချောနေလို့ မိတ်ကပ်သိပ်လိမ်းစရာမလိုတာ အရင်က အချိန်တိကျတဲ့ Jk ဘယ်ရောက်သွားလဲ "