(🆉)
"Good Morningပါ သဲသဲရဲ့အချစ်ကလေး "
မနက်ခင်းကြားလိုက်ရသည့်အသံလေးကြောင့် ဂျောင်ကုရင်ထဲသိမ့်ခနဲ ။
မျက်လုံး အသာဖွင့်ကြည့်လိုက်တော့ ခပ်ပြုံးပြုံးရုပ်လေးလုပ်နေသည့် ထယ်ယောင်းကိုတွေ့လိုက်ရသည် ။ နှစ်ယောက်စလုံးက အဝတ်မရှိပဲ စောင်ပဲခြုံထားပြီး ထယ်ယောင်းက မေးလေးထောက်ကာ ဂျောင်ကုနိုးလာမည့်ပုံကို စောင့်ကြည့်သည် ။
မျက်လုံးခဏလေးဖွင့်ကြည့်ပြီး ပြုံးပြုံးကြီးပြန်အိပ်လိုက်တဲ့ဂျောင်ကုကြောင့် ထယ်ယောင်းသဘောကျစွာရယ်မိတယ် ။ ကလေးတစ်ယောက်အဖေက ဇိမ်ခံချင်နေသေးတာပဲ ။
မွ
နဖူးကိုအနမ်းပေးပြီး ပါးပြင်အားအကြာကြီးဖိကပ်နမ်းပေးလိုက်သည် ။ မျက်နှာအနှံ့ကိုဖိနမ်းတော့ ဂျောင်ကုမှာ ယုန်သွားပေါ်သည်အထိ ပြုံးပြုံးကြီးနဲ့ငြိမ်ခံနေပေးသည် ။ အခုနောက်ပိုင်းဂျောင်ကု မနက်ခင်းတိုင်းက စိတ်ချမ်းသာစရာနဲ့ အေးချမ်းနေတာပဲ ။ သူက ထယ်ယောင်းအနမ်းနဲ့နိုးထရတာကိုကြိုက်တယ် ။
ပြွတ်စ်!
"ထချိန်ရောက်ပါပြီ ဂျွန်ဂျောင်ကုရှီး "
"အွန်း မောနင်း My baby "
ခပ်အက်အက်အသံနှင့်ဂျောင်ကုနှုတ်ဆက်ပေမဲ့ ထိုအတိုင်းနေတုန်း။ အပေါ်ကနေ ဖိထားသည့်ထယ်ယောင်းခါးကိုဖက်၍ ပွတ်သပ်ပေးသည် ။ဖြစ်နိုင်ရင်ဘာအလုပ်မှမလုပ်ပဲ ကြောင်လေးတစ်ကောင်လို အမြဲ ပွတ်သပ်နေချင်တာ ။
"ကောင်းကောင်းအိပ်ပျော်ရဲ့လား "
"ပျော်တယ် အများကြီး "
"အော် ဒီကလေးလေးက အများကြီးအိပ်ပျော်တာလား "
"အွန်း အများကြီးအိပ်ပျော်တာ "
မနက်ခင်းကျီစယ်ခြင်းတွေက ချိုမြလို့ ၊ ဒီအချိန်လေးပဲရပ်တန့်လိုက်ချင်တယ်။
"ဒီကလေးလေးကို သဲသဲက အချစ်ဆုံးပဲ "
ရင်ခွင်ထဲ ဂျောင်ကုခေါင်းကိုထည့်လိုက်ကာ အူဝဲလိုချော့မြူနေသည့်ထယ်ယောင်းကြောင့် ဂျောင်ကုဆီမှ ရယ်သံတလွင်လွင်က ထွက်ပေါ်လာလေသည် ။