(🆉)
ကားမောင်းနေသည့် ဂျောင်ကုမှာ ငြိမ်သက်ပြီး အသိစိတ်လွတ်တစ်ချက်မလွတ်တစ်ချက် ။ ရင်ဘတ်မှာကလည်း သားဖြစ်သူက ဖက်တွယ်ထားပြီး လွှတ်ကိုမလွှတ် ၊ လက်တစ်ဖက်နှင့်ထိန်းထားပေးရသည် ။ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာ သားက ။
"ဂျောင်ကု မီးနီနေပြီ "
ထယ်ယောင်းဘေးကနေ သတိပေးလိုက်မှ ဘရိတ်ကို နင်းချပစ်တဲ့ဂျောင်ကုရယ် ။
"အဆင်ပြေရဲ့လား မောင်းပေးမယ်လေ ဒီဘက်ကိုလာလိုက် "
"ဟမ်? အော "
မီးပွိုင့်နီနေစဉ်အတွင်း နေရာမြန်မြန်ချိန်းရကာ တစ်ဖက်ကိုရောက်သွားတဲ့ ဂျောင်ကုက အခုထိ အသိစိတ်လွတ်နေသလိုမျက်နှာမျိုးနှင့် ကလေးကိုပွေ့ထားတုန်းပင် ။ သားကတော့ ပါးစပ်လေးဟကာ ကောင်းကောင်းအိပ်ပျော်လို့ ။
ကားကိုဂရုတစိုက်မောင်းနေရသည့် ထယ်ယောင်းမှာ တစ်ချက်တစ်ချက် ငြိမ်နေသည့်ဂျောင်ကုကိုလှည့်လှည့်ကြည့်သည် ။
ကျွန်တော်လည်း ပြောပြီးမှနောင်တရချင်လာသည် ဘာလို့အဲ့လိုပြောလိုက်မိလဲ မသိတော့ပေ ။ကျွန်တော့်စိတ်ထဲ သဝန်တိုစိတ်တွေများပြီး ဂျောင်ကုကို တစ်ယောက်ယောက်နဲ့မတွဲစေချင်တာပဲ ။
ကျွန်တော်လက်လွှတ်ခဲ့တယ်ဆိုပေမဲ့ ကျွန်တော်ဂျောင်ကုကိုမရခဲ့ရင် ကျန်တဲ့သူတွေလည်း မရစေချင်တဲ့စိတ်ကလေးရှိတယ် ။ တစ်မနက်လုံး ငြင်းဆန်ခဲ့ရာမှ အခုလိုညဘက်ကြီး ရုတ်တရက်ဆန်စွာ ပြောထည့်လိုက်တော့ ဂျောင်ကု Shork ရသွားတာမဆန်းပါဘူး ။
အစက အတူတူမနေကြလည်းအဆင်ပြေတယ်တွေးခဲ့ပေမဲ့ ဂျောင်ကုကျန်းမာရေးအခြေအနေနဲ့ လူနေမှုပုံစံအကြောင်းသိလိုက်ရတော့ မနေပျော်တော့ ၊ဘေးကနေ ဆူဆုံးမပေးချင်စိတ်ကအပြည့်ဖြစ်လာသည် ။
တစ်ကိုယ်ကောင်းဆန်ခဲ့မိတာပဲ ၊ အကောင်းဆုံးနည်းလမ်းဆိုပြီးကိုယ်ကရွေးခဲ့ပေမဲ့ တကယ်တော့ အဆိုးဆုံးနည်းလမ်းဖြစ်နေခဲ့တယ် ။
"ရောက်ပြီ အထဲဝင်ရအောင် အကုန်ရှင်းပြပါ့မယ် "
ငေးငိုင်နေသည့် ဂျောင်ကုကို လက်တွဲခေါ်ပြီး အိမ်ထဲဝင်လာခဲ့သည် ။