Aster ( မေမြို့ပန်း - မေမြို့ပန်း)

101 7 0
                                    

Aster ပန်းသည် စက်တင်ဘာလတွင် စတင်ပွင့်သောပန်းဖြစ်သည်။  နှစ်ရှည်ခံဒေစီပန်းအမျိုးနွယ်ဝင်ဖြစ်သည်။

Aster ပန်းများသည် ဉာဏ်ပညာ ၊ ယုံကြည်ခြင်းနှင့်သတ္တိကို ကိုယ်စားပြုသည်။ အချစ်၊ ရောင့်ရဲမှု၊ဆည်းကပ်မှုနှင့် နူးညံ့မှုတို့ကိုလဲ ကိုယ်စားပြုသေးသည်။ ထို့ပြင် ရိုးရှင်းသော၊ ကျေးလက်ဆန်သော၊ ကျက်သရေရှိသောဆိုသည့်အဓိပ္ပါယ်တို့၏ သင်္ကေတလည်းဖြစ်သည်။

Aster ပန်းများသည် ချစ်ခြင်းမေတ္တာ၊ဉာဏ်ပညာ၊ယုံကြည်ခြင်းနှင့် အရောင်တို့ကိုကိုယ်စားပြုသော ပန်းပွင့်များဖြစ်သောကြောင့် " ကြယ် "ဟူသောဂရိစကားလုံးကိုအစွဲပြု၍
အမည်ပေးထားခြင်းဖြစ်သည်။

Aster ပန်းကို ဂရိဒဏ္ဍာရီတွင် နတ်ဘုရားများအတွက် ယဇ်ပလ္လင်ပေါ်တင်သည့်အခါ ချစ်ခြင်းမေတ္တာ၏သင်္ကေတဖြစ်လာသည်ဟုဆိုကြသည်။

Aster ပန်းများကို အဖြူရောင် ၊ အနီရောင် ၊ ပန်းရောင်၊အပြာရောင် ၊ ခရမ်းရောင်၊ အဝါရောင် စသည့်ဖြင့်အရောင် အသွေးစုံစွာတွေ့နိုင်သည်။

အဖြူရောင် Aster ပန်းများသည် အပြစ်ကင်းခြင်းနှင့်သန့်ရှင်းခြင်းကို ကိုယ်စားပြုသည်။

အနီရောင် Aster ပန်းများသည် မသေနိုင်သောဆည်းကပ်မှုကို ကိုယ်စားပြုသည်။

ပန်းရောင် Aster ပန်းများသည် အပြစ်ကင်းခြင်း၊ ချစ်ခြင်းမေတ္တာ နှင့် ချစ်ခင်မှုကို ကိုယ်စားပြုသည်။

အပြာရောင် Aster ပန်းများသည် ယုံကြည်စိတ်ချရမှုနှင့်သစ္စာတရားကို ကိုယ်စားပြုသည်။

ခရမ်းရောင် Aster ပန်းများသည် မင်းမျိုးမင်းနွယ်နှင့်ကြွယ်ဝချမ်းသာခြင်းကို ကိုယ်စားပြုသည်။

အဝါရောင် Aster ပန်းများသည် ပျော်ရွှင်ခြင်းနှင့်
ကံကောင်းခြင်းကို ကိုယ်စားပြုသည်။

Aster ပန်းများကို တရုတ်ဆေးပညာလောကတွင် နှစ်ပေါင်းများစွာအသုံးပြုခဲ့ကြသည်။ အပင်၏အမြစ်သည် ခါး-ချိုသောအရသာရှိပြီး  နာကျင်ခြင်း၊အဖျားတက်ခြင်း၊ဝမ်းလျောခြင်း၊ အရေပြားအားနည်းခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အခြားသောအဆုတ်ရောဂါများအတွက်အသုံးပြုသည်။ အပွင့်နှင့်အရွက်များကို လက်ဆက်သော သို့မဟုတ် အခြောက်လှမ်း၍စားသုံးကြသည်။ အမေရိကန်လူမျိုးများသည် ဟင်းချိုချက်ပြုတ်ရန်အတွက် အပင်၏အမြစ်များကိုအသုံးပြုသည်။

 ချစ်စွာသော ပန်းပွင့်ငယ်လေးများWhere stories live. Discover now