လီလီ ဟုအမည်ရသည့် နှင်းပန်းများသည် လက်တင် ဘာသာစကား Lilium မှ ဆင်းသက်လာခြင်းဖြစ်သည်။
လီလီပန်းသည် အီတလီနိုင်ငံ၏အမျိုးသားပန်းဖြစ်ပြီး နိုင်ငံ၏အမှတ်တံဆိပ်တွင် စည်းလုံးညီညွတ်မှုနှင့်ငြိမ်းချမ်းမှုကို ကိုယ်စားပြုသည်။ ဂရိနှင့် ရောမလူမျိုးတို့သည် အလှဆင်ရန်နှင့် ဆေးဖက်ဝင်ရန်အတွက်စိုက်ပျိုးခဲ့ကြသည်။ မျက်မှောက်ခေတ်အရှေ့တောင် အာရှတွင်မူ လီလီပန်းမျိုးစိတ်အမျိုးမျိုးကို အစားအစာနှင့် အလှဆင်အပင်အဖြစ် စိုက်ပျိုးကြသည်။ လီလီပန်းများသည် နွေဦးနှောင်းပိုင်း သို့မဟုတ် နွေရာသီတွင်ပွင့်ကြသည်။
လီလီပန်း ( နှင်းပန်း )အရောင်တစ်ခုစီတွင် ထူးခြားသောအဓိပ္ပါယ်များရှိသည်။
အဖြူရောင်နှင်းပန်းများသည် သန့်ရှင်းခြင်းနှင့်ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုသည်။
ခရမ်းရောင်နှင်းပန်းများသည် မင်းမျိုးမင်းနွယ်နှင့်
ဘုန်းအာနုဘော်၏သင်္ကေတဖြစ်ပြီး သန့်ရှင်းစင်ကြယ်ခြင်း ၊ အပြစ်ကင်းခြင်းနှင့် ကြွယ်ဝချမ်းသာခြင်းကို ကိုယ်စားပြုသည်။အနီရောင်နှင်းပန်းများသည် ပြင်းထန်သောချစ်ခြင်း၊ စိတ်အားထက်သန်မှု ၊ ခွန်အား စသည့်နက်နဲသောစိတ်ခံစားချက်များကို ကိုယ်စားပြုသည်။
ပန်းရောင်နှင်းပန်းများသည် လေးစားမှု ၊ ကျေးဇူးတင်မှုနှင့်ပျော်ရွှင်မှုတို့ကို ကိုယ်စားပြုသည်။ ထို့ပြင် နူးညံ့သိမ်မွေ့သောပန်းရောင်နှင်းပန်းများသည် မိခင် များ၏ ပြုစုပျိုးထောင်ပေးမှုနှင့် ဂရုစိုက်မှုသဘာဝကိုထင်ဟပ်စေသည်။
လိမ္မော်ရောင်နှင်းပန်းများသည် စွမ်းအားနှင့် စိတ် အားထက် သန်မှုကို ကိုယ်စားပြုသည်။ တစ်စုံတစ်ဦးအား ချီးကျူးဂုဏ်ပြုပေးရတွင် လိမ္မော်ရောင်နှင်းပန်းများသည် အလွန်ကောင်းမွန်သောလက်ဆောင်မွန် တစ်ခုဖြစ်လေသည်။
အဝါရောင်နှင်းပန်းများသည် ပျော်ရွှင်မှု၊ အကောင်းမြင်မှုနှင့်ခင်မင်မှုတို့ကို ကိုယ်စားပြုသည်။
YOU ARE READING
ချစ်စွာသော ပန်းပွင့်ငယ်လေးများ