Heather ( ဟယ်သာပန်း - ဟယ္သာပန္း)
74 5 0
Heather ပန်းသည် ဗြိတိန်နွယ်ဖွား ဣတ္ထိယ
အမည်ဖြစ်ပြီး အမြဲစိမ်းပန်းပွင့်အပင်ဟုအဓိပ္ပါယ်
ရသည်။ မြက်ရိုင်းတောများတွင်ပေါက်လေ့ရှိသော
ခြုံပင်အမျိုးအစားဖြစ်သည်။ အနောက်ဥရောပနှင့်
အာရှ၊ မြောက်အမေရိကတွင် ကျယ်ကျယ်ပြန့်ပြန့်
ပေါက်ရောက်ပြီး ဥရောပမြောက်ပိုင်းနှင့်အနောက်
ဘက်ရှိ လွင်ပြင်များတွင်လည်း အဓိကပေါက်ရောက်ရှင်သန်ကြသည်။
Heather ပန်းများသည် ယေဘူယျအားဖြင့်
လွတ်လပ်မှု၊ စည်းလုံးညီညွတ်မှု၊ ကာကွယ်မှုနှင့်
ဝမ်းနည်းခြင်းတို့ကို ကိုယ်စားပြုသည်။
Heather ပန်းများသည် ကြည်ညိုလေးစားမှုနှင့်
ကံကောင်းခြင်းတို့၏သင်္ကေတလည်းဖြစ်သည်။
Heather ပန်းတွင် အကာအကွယ်စွမ်းအားများ
ရှိသည်ဟုလည်း ယုံကြည်ကြသည်။
Heather ပန်းများကို အဖြူရောင်၊ပန်းရောင်နှင့်
ခရမ်းရောင်ဟူ၍လည်း တွေ့ရသည်။
အဖြူရောင် Heather ပန်းများသည် ကံကောင်းခြင်း၊ကာကွယ်ခြင်း ၊ ဆန္ဒများအမှန်တကယ်ဖြစ်လာမှုနှင့် သန့်ရှင်းခြင်းကိုကိုယ်စားပြုသည်။
ပန်းရောင် Heather ပန်းများသည် ချစ်ခြင်းမေတ္တာ ၊ ချစ်ရသူအပေါ် ချစ်မြတ်နိုးသောချစ်ခြင်းမေတ္တာခံစားချက်တို့ကို ကိုယ်စားပြုသည်။
ခရမ်းရောင် Heather ပန်းများသည် လေးစားမှု ၊
အထီးကျန်မှုနှင့် ကာကွယ်မှုတို့ကိုကိုယ်စားပြုသည်။
Heather ပန်းများ၏ အပွင့်၊အရွက်နှင့်အပင်တို့ကို
ဆေးဖော်ရန်အသုံးပြုကြသည်။
#google
#Heather ( ဟယ်သာပန်း )
🌸 🌸 🌸 🌸 🌸
 ချစ်စွာသော ပန်းပွင့်ငယ်လေးများWhere stories live. Discover now