*unicode*
🌿ပျောက်ဆုံးနေသော ချစ်ခြင်းတရား🌿
(Enemy to lover❤️)Episode~2
☘️☘️☘️☘️☘️☘️☘️☘️☘️
အချိန်တွေကုန်လွန်လာခဲ့တာ အခုဆိုပထမအပတ်စာမေးပွဲလည်း ဖြေဆိုပြီးခဲ့ပြီဖြစ်သည်။ ဒီနေ့မှာတော့ အတန်းတွင်း အဆင့်တွေကို ကြေညာပေးမှာမို့ အကုန်လုံးစိတ်လှုပ်ရှားနေရသည်။
" ခန့်... မင်း ဒီအပတ်လည်း အဆင့်၁ ချိတ်အုံးမယ်ထင်တယ်... "
" အေးကွာ.. ဒီကောင်က တစ်တန်းလုံးမှာ အတော်ဆုံးပဲကို... "
" မင်းတို့ကလည်းကွာ... ငါအဲ့လောက်မတော်ပါဘူး... မိန်းကလေးဘက်မှာ လွန်းသီရိလည်း တော်နေတာကြီး... သူရရင် ရမှာပေါ့... "
ခန့်လည်း ကိုယ့်ကိုကိုယ်နှိမ့်ချစွာ ပြောလိုက်သည်။ အင်းလေ... ကိုယ့်ကိုကိုယ်အတော်ဆုံးလို့ သတ်မှတ်ထားလို့မှမကောင်းတာ...
ပြောမယ့်သာပြောရတာ... နှစ်တိုင်း ခန့်တစ်ယောက်ပဲ အတန်းထဲမှာ ပထမရတာဖြစ်သည်။ တစ်ခါတစ်လေ လွန်းသီရိနဲ့ပူးတွဲပေါ့... ဒီတစ်ခါတော့ ဘယ်သူရမလဲမပြောတတ်ပါဘူး... ဘာလို့ဆို ဒီအပတ် စာမေးပွဲမှာ ခန့် အနည်းငယ်တော့ မှားထားသည်။ ခန့်တွေးတုန်း ဆရာမကဝင်လာတာမို့ နှုတ်ဆက်လိုက်ကြလေသည်။ ပြီးတာနဲ့ ဆရာမက...
" ဒီနေ့ကတော့ ကလေးတို့သိကြတဲ့အတိုင်း အတန်းတွင်းအဆင့်ကြေညာပေးမှာပါ... အင်းးး ဒီတစ်ပတ်ကတော့ နည်းနည်း ထူးခြားတယ်ပေါ့နော်... "
ဆရာမစကားကြောင့် တစ်တန်းလုံး ပိုစိတ်လှုပ်ရှားလာရလေသည်။
" ဒီအပတ်စာမေးပွဲမှာ အဆင့် ၁ရတဲ့သူကတော့... "
ဆရာမရဲ့ နောက်ဆက်ပြောလာမယ့် နာမည်ကို အားလုံးက ခန့်နဲ့ လွန်းသီရိလို့ပဲ မှန်းထားကြလေသည်။ သူတို့ကိုယ်တိုင်လဲ သူတို့ထဲက တစ်ယောက်ဖြစ်မယ်လို့တွေးထားပေ့မယ် တကယ်တမ်းမှာတော့...
" အဆင့် ၁ကတော့ န-၄၁ ဖြစ်ပါတယ်... ဘာသာတွေအကုန်လုံးမှာ အမှတ်ပြည့်တာက သုံးဘာသာ... ကျန်တာတွေကတော့ ပြည့်လုနီးနီးမှာ ရှိနေတယ်နော်..."
ခန့် မျှော်လင့်တကြီး သူ့ခုံနံပါတ်လားလို့ နားထောင်နေပေမယ့် တကယ်တမ်းမှာတော့ မိန်းကလေးဘက်က ခုံနံပါတ်ဖြစ်နေလေသည်။ အဲ့ခုံနံပါတ်က လွန်းသီရိခုံနံပါတ်လဲ မဟုတ်ပါဘူး... ဘယ်သူများလဲ..
YOU ARE READING
🌿ပျောက်ဆုံးနေသော ချစ်ခြင်းတရား🌿(enemy to lover❤️)
Romantikဘေးလူတွေရဲ့ မနာလိုကြံစည်မှုတွေကြောင့် နှစ်ယောက်သား အချင်းချင်းမုန်းတီးနေကြပေမယ့် ကံတရားရဲ့အလိုအရ လက်ဆက်ဖို့ဖြစ်လာခဲ့ပါတယ်.. ပွေရှုပ်တဲ့ ဘုန်းရှိန်ခန့်နဲ့ တည်ငြိမ်ပြီးရင့်ကျက်တဲ့ ရှင်းရနံ့ခြယ်တို့ အကျင့်တွေကဆန့်ကျင်ဘက်ဖြစ်နေတော့ ချစ်လာနိုင်မလား.. ဒါမ...