Unicode
ဒီနေ့မှာတော့ ထူးထူးခြားခြား မင်းခန့်က မိုးကို ကျောင်းအထိလာစောင့်ကြို၏။ကြည့်ရတာ မနက်မသိလိုက်ရသည့်ကိစ္စအပေါ် အရမ်းသိချင်နေသည့်ပုံပင်။
"မင်းခန့် ထူးထူးဆန်းဆန်းကြီးပါလား အဲ့လောက်တောင် စိတ်ဝင်စားတာပေါ့ "
"ဒါပေါ့ မြန်မြန်တက် တစ်နေရာအေးဆေးသွားထိုင်ပြီး ရှင်းပြ "
"နေပါအုံးဟ ငါဒီအဝတ်အစားကြီးနဲ့ "
အပြင်ကို ကျောင်းစိမ်းကြီးနဲ့မထိုင်ချင်တာကြောင့် အလောတကြီးလောနေသည့် မင်းခန့်ကို မိုးမှာ ကိုယ့်ပုံစံကို ပြန်လက်ညှိုးထိုးပြရ၏။
"ငါမင်းအတွက် အဝတ်ယူလာပေးပြီးသား ကားပေါ်မှာလဲလိုက်ရုံဘဲ "
အခြားနေရာမှာသာ ဝီရိယမရှိတာ ဒီလိုသူများအကြောင်းနားထောင်ရမည်ဆို သတိပေးစရာတောင်မလိုဘဲ ဝိရီယပိုလွန်းသည့် မင်းခန့်အား မိုး လက်ခုပ်တီးပြီး မချီးကျူးမိရုံတမယ်ရှိရပါတော့သည်။
"ထီးတွေပါလား ဘာလုပ်ဖို့လဲ "
ကားနောက်ခန်းမှာ အဝတ်လဲနေရင်း မိုးအိမ်ကနေ ထီးတွေပါ သယ်လာတာကိုတွေ့လိုက်တာကြောင့် မိုးမေးလိုက်ခြင်းဖြစ်၏။မင်းခန့်ယူလာသည့်ထဲတွင် အရင်က မိုးပေါ်ထီးပစ်ပေးခဲ့သည့် သူစိမ်းထီးနဲ့ဆင်တူတာပါနေတာကြောင့် မိုး ထိုထီးကို ကောက်ယူကြည့်မိသည်။
"မင်း ငါ့အိမ်ကထီးတွေအကုန်သယ်လာတာလား "
"ဟုတ်တယ် မိုးလေဝသသတင်းမှာကြေညာတာ ဒီညမိုးအကြီးအကျယ်ရွာမယ်တဲ့ အဲ့တော့မင်းအိမ်မှာရှိတဲ့ ထီးတစ်ချောင်းထဲနဲ့ငါတို့နှစ်ယောက်မလောက်ဘူးလေ အဲ့တာနဲ့ မင်းအခန်းထဲမှာ သိမ်းထားတဲ့ အဲ့ထီးကိုပါယူလာတာ "
"ဒါ ငါ့ထီးမဟုတ်ဘူးဟဲ့....။ထားလိုက်ပါ....ဒီည မိုးရွာပါ့မလားသေမှမသေချာတာ "
ဒီထီးအနက်ရောင်ပိုင်ရှင်က ဘယ်သူမှန်း သေချာမသိရသေးတာမို့ ပြန်မပေးရခြင်းဖြစ်တာကြောင့် အခုချိန်ထိ သိမ်းထားခဲ့ခြင်းဖြစ်ရာ အခုလိုတခြားလူရဲ့ပစ္စည်းကို သုံးဖို့လည်း မိုးမစဥ်းစားကြည့်ခဲ့ဖူးပါ။သုံးလည်းမသုံးချင်ခဲ့။မိုးပစ္စည်းမဟုတ်တာကြောင့် မထိချင်တာပါပါလိမ့်မည်။
![](https://img.wattpad.com/cover/334090092-288-k757324.jpg)
YOU ARE READING
Change For You( သူ့အတွက်သာလျှင်)(U+Z)
Любовные романыလူတစ်ယောက်ကိုတစ်ကယ်ချစ်လာမိရင် အစကတော့ သူ့ကိုပိုင်ဆိုင်ချင်လိုက်မယ် ဒါပေမဲ့တဖြည်းဖြည်းနဲ့သိလာမှာက သူကို ပိုင်ဆိုင်ချင်တာမဟုတ်ဘဲ ကိုယ့်ဘဝတစ်ခုလုံးနဲ့ရင်းပြီးကာကွယ်ပေးချင်တယ်ဆိုတာဘဲ လူတစ်ယောက်ကိုတစ်ကယ်ချစ်လာမိရင် အစကတော့ သူ့ကိုပိုင်ဆိုင်ချင်လာလိုက်မယ...