Unicode
အသိစိတ်ပြန်ဝင်လာသည်နှင့် အောက်ပိုင်းတစ်ခုလုံးက ကိုင်ပေါက်ခံထားရသလိုနာကျင်ပြီးကိုက်ခဲနေတာကိုခံစားခဲ့ရသည်။ဒါအပြင် အတွင်းသားထဲမှာလဲ ကျစ်ထုတ်ထုတ်နှင့်...
"ချီး...နှိုင်း မင်း! "
မနေ့ညက ဘယ်လိုပြီးသွားခဲ့လဲမသိပေမဲ့ ဒီနေ့မနက်မှာတော့ မိုးရဲ့အတွင်းသားထဲမှာ နှိုင်းရဲ့ဧရာမအရာကြီးက ရှိနေသေးတုန်းဖြစ်၏။
မိုးကတစ်ဖက်လှည့်ကျောပေးထားတာကြောင့် နှိုင်းနိုးနေသည်မနိုးနေသည်ကိုမသိရ။လှုပ်ရှားဖို့ကြိုးစားပေမဲ့လည်း နည်းနည်းလေးလှုပ်ရှားလိုက်တိုင်း မိုး၏အတွင်းသားများကိုလာရိုက်ခတ်လျက်ရှိနေတာကြောင့် နာကျင်ရသည်။
မိုးကိုသိုင်းဖက်ထားသည့် နှိုင်းက မိုးလှုပ်ရှားတော့ ပိုပြီးတိုးဖက်ကာ မိုးကို ရင်ခွင်ထဲနှစ်နေအောင်ထည့်ထားလေ၏။
"နှိုင်း...."
မခံနိုင်တော့တာကြောင့် နှိုင်း နိုးလို့နိုးညှားနာမည်လေး ခေါ်ကြည့်ပေမဲ့ ကိုယ်တော်ကလှုပ်တောင်မလှုပ်ခဲ့။
"နှိုင်းလို့!"
လေသံကိုနည်းနည်းကျယ်တော့ နှိုင်းဆီကနေ တိုးလျလျ ညည်းသံလေးကိုသာကြားရသည်။နိုးတော့မနိုးသေး။
"နာနေပြီ နှိုင်း "
တကယ်နာကျင်နေပြီမို့ ငိုသံသဲ့သဲ့လေးနဲ့ပြောပြတော့ အနောက်မှာရှိတဲ့နှိုင်းက မိုးရဲ့ပုခုံးသားတွေကိုလှမ်းနမ်းလာသည်။
"နိုးပြီလား "
"အင်း...အဘိဓာန်မိုးက စကားခဏခဏပြောနေတာကို "
"ဒါဆို ငါ့ကိုမြန်မြန်ထုတ်ပေးတော့လေ "
"ခဏလေးဘဲ...ဒါနဲ့ ကျွန်တော်တို့ Morning exercise လုပ်ကြမလား "
"ဘာ...ဘာMorning exerciseလဲ..။မလုပ်ဘူး "
ခပ်ပြတ်ပြတ်ငြင်းစကားကြောင့် နှိုင်းဆီကနေ သက်ပြင်းချသံတိုးတိုးလေးကြားခဲ့ရသည်။
"ဒီနေ့တော့ လေ့ကျင့်ခန်းမလုပ်ရတော့ဘူးပေါ့ "
"ဘာလို့ 'ဒီနေ့တော့'လို့သုံးရတာလဲ နှိုင်း "
YOU ARE READING
Change For You( သူ့အတွက်သာလျှင်)(U+Z)
Romanceလူတစ်ယောက်ကိုတစ်ကယ်ချစ်လာမိရင် အစကတော့ သူ့ကိုပိုင်ဆိုင်ချင်လိုက်မယ် ဒါပေမဲ့တဖြည်းဖြည်းနဲ့သိလာမှာက သူကို ပိုင်ဆိုင်ချင်တာမဟုတ်ဘဲ ကိုယ့်ဘဝတစ်ခုလုံးနဲ့ရင်းပြီးကာကွယ်ပေးချင်တယ်ဆိုတာဘဲ လူတစ်ယောက်ကိုတစ်ကယ်ချစ်လာမိရင် အစကတော့ သူ့ကိုပိုင်ဆိုင်ချင်လာလိုက်မယ...