Unicode
"Jungkookလည်ပင်းကြီးဆန့်ပြီးဘာတွေမျှော်တော်မူနေတာလဲ''
"ဟီး မင်းတို့ကိုငါမိတ်ဆက်ပေးစရာရှိတယ်''
"မဟူတ်မှ မင်းရည်းစားလို့မပြောနဲ့နော် ငါတဂယ်ငိုမှာ''
"မဟူတ်ပါဘူးကွ မင်းတို့ကလည်း''
"ဒီကောင်ရှက်နေတာပဲ''
"ဘာကိုရှက်ရမှာ ရည်းစားမဟုတ်ပါဘူးဆိုမှ ဒီတိုင်းသူငယ်ချင်း''
သူငယ်ချင်း..သူငယ်ချင်းလို့ပြောလိုက်တော့Jungkookရင်ထဲတင်းကြပ်ကြပ်
"ဟေ့ကောင်မင်းအချစ်လေးလာပြီ''
"Taeလာလေ ဒီကို''
"ဟမ် ''
"Tae!''
"ဟေ့ကောင်တွေငါတို့ဘာတွေလွတ်သွားတာလဲ''
"အိမ်မက်လား''
"မင်းတို့ကလည်းကွာTaeကခင်ဖို့ကောင်းပါတယ်''
"ဘုရားသခင် ဒီလူသားအပေါ်ကပ်တွယ်နေတဲ့အမှောက်ပယောဂတွေကိုတိုက်ထုတ်ပေးပါ''
"ဒီသန့်စင်တဲ့ရေစင်နဲ့ပက်ဖြန်းလိုက်မယ်''
"အုံ ဒါဒါ ဘာဘာ အုံ''
Mingyuကရေနဲ့မျက်နှာကိုပက်ကာJi Saungကဂါထာတွေရွတ်နေသည်။Woobinကလက်အုပ်ချီကာဘယ်ဘုရားကိုတနေသလဲမသိ။တော်သေးသည်Yoon Minကအိပ်တာလောက်ပဲဝါသနာပါလို့
"ဟေ့ကောင်တွေ တော်လိုက်ကြရအောင် ဒီမှာTaeလန့်နေပြီ''
ပြူးကြောင်ကြောင်နဲ့စောက်ရူးတွေလုပ်သမျှမျက်လုံးဝိုင်းဝိုင်းလေးနဲ့ကြည့်နေတဲ့Taeကချစ်စရာလေးပင်
"မင်းပဲသူ့ကိုမတရားမုန်းတာဆို''
"မနေ့ကအထိမင်းပဲမုန်းနေတုန်းဆို''
"မတွေ့ချင်မမြင်ချင်ပါဘူးဆို''
"ဟုတ်တယ်မင်းပြောတာ''
အိပ်နေတဲ့Minကပါခေါင်းလေးထောင်ကာထောက်ခံသည်။Taeကလည်းမျက်ဝန်းညိူတွေတလှုပ်လှုပ်နှင့်ကြည့်နေသည်။
"ဘာ ဘယ်တုန်းက ငါကလား မဟုတ်တာတွေ ဘယ်မှာမုန်းလို့လဲ မဟုတ်ဘူးTae မဟုတ်ဘူး''
YOU ARE READING
Love Me OR Hate Me