"ဟိတ်အတန်းခေါင်းဆောင်အဲ့ဒီမှာရပ်မနေပဲဝင်ဆော့စမ်းပါ''
"ငါအားကစားညံ့တယ်''
"ဘောလူံးလေးနဲ့ပစ်ရုံပါပဲအတန်းခေါင်းဆောင်ဖြစ်ပြီးမင်းမပါလို့ရလို့လား''
"ငါ့သဘောနဲ့ငါ''
"ဟေ့ကောင်တွေမင်းတို့အတန်းခေါင်းဆောင်ကိုခေါ်ကြလေကွာသူရှက်နေတာဖြစ်မယ်''
Jungkookဆော်ဩလိုက်တော့အလိုက်သိတဲ့ဘော်ဒါတွေကKim Taehyungကိုကွင်းထဲအတင်းထည့်၏ဟိုဘက်ဒီဘက်နှစ်ဖက်အသင်းခွဲ၍စည်းဝိူင်းထားသည်။တစ်ဖက်ကဘောလုံးနဲ့ပစ်သည်ကိုရှောင်ရမည်ဖြစ်ပြီးနောက်ဆုံးတွင်လူအများဆုံးကျန်သည့်အသင်းကအနိုင်ဖြစ်၏
Kim Taehyungသည်အူကြောင်''ဖြင့်ဘောလုံးလာလဲမရှောင်ပဲမတ်တပ်သာရပ်နေသည်။သူ့ကြည့်ရတာဆော့နေပုံနဲ့လည်းမတူမြန်မြန်ပြီးရင်အေးရောဟူသည့်ပုံဖြင့်ဘောလုံးနဲ့အပစ်ခံရမှာကိုစောင့်စားနေလျက်။Jungkookဘောလုံးပစ်ရန်အလှည့်ဖြစ်သည်။ချိန်ရွယ်ထားသည်ကKim Taehyungဆိုတာကိုလည်းသံသယဖြစ်စရာမရှိ။ဒေါသတို့စုပေါင်းကာဘောလုံးအားပစ်ထည့်လိုက်သည်။ဘုန်းဟူသောအသံနှင့်Kim Taehyungလဲကျသွားသည်။ထူမဲ့သူမရှိသော်လည်းသူ့ဟာသူကုန်းရုံးထကာထွက်သွားသည်။
"Jungkookဘယ်တွေလိုက်ကြည့်နေတာလဲမင်းအချစ်လေးကိုစိတ်မချလို့လား''
"ဖြစ်ရတယ်ကွာ ငါတော့လုပ်ထည့်လိုက်ရတာအားရတယ်''
ဆော့နေပေမဲ့Jungkookစိတ်မပါတော့ပျင်းစရာပင်Kim Taehyungကိုအနိုင်ကျင့်ရတာကမှပျော်စရာကောင်းသေးသည်။
"ငါသွားတော့မယ်ပျင်းလာပြီ''
ကစားပွဲကိုအသည်းအသန်ဆော့နေသည့်Mingyuကလက်ကာပြ၍သွားဟူသည့်ပုံစံလုပ်ပြသည်။အတန်းထဲကိုဦးတည်ပေမဲ့သန့်စင်ခန်းတွင်မြင်လိုက်ရသောအနွေးထည်နဲ့လူကြောင့်ခြေလှမ်းတို့ကရပ်ပြီးသားသန့်စင်ခန်းတွင်အင်္ကျီလာလဲနေပုံရကာရေအိမ်တံခါးတွင်သူ့အဝတ်များကတန်းလန်း။ယုတ်မာတဲ့အကြံလေးတခုရသွားတာမို့Kim Taehyung၏အနွေးထည်အကွက်ကြီးအားယူပြီးထွက်လာခဲ့သည်။
"ဟက် ဒီအနွေးထည်ပဲအမြဲဝတ်နေတာ တခါတလေမဝတ်ပဲနေကြည့်ပေါ့ ဟားဟား''
YOU ARE READING
Love Me OR Hate Me