12

55 7 0
                                    

Unicode

"Tae ရော့ ဒါငါ့အဝတ်တွေလဲလိုက်ပြီးရင် သွားကြမယ်''

"အင်းအင်း''

"ငါ့ကောင်တို့မြန်မြန်လာကြကားထွက်တော့မယ်''

"Taeသွားကြမယ်''

"Taxi!''

"လာ လာ ဟိုကောင်တွေစောင့်နေလောက်ပြီ''

Taxiလေးကခပ်မြန်မြန်ပဲကားဂိတ်ကိုရောက်သည်။

"လာကြ ကြာလိုက်တာမင်းတို့က''

"Taeထိုင်ရတာအဆင်ပြေလား''

"အင်း''

လက်ချောင်းလေးတွေကိုပွတ်နေတဲ့Taeကစိတ်လှုပ်ရှားနေပုံရသည်။ရှည်သွယ်သွယ်လက်ချောင်းတွေကိုJungkookလက်ဖြင့်အုပ်ကိုင်လိုက်သည်။

"Taeစိတ်လှုပ်ရှားနေတာလား''

"အင်းအရမ်းပဲ''

ရင်ဘတ်အားလက်တင်လို့ခပ်ပြုံးပြုံးလေးပြောလာသည်။

"ဟားဟား ဟိုရောက်ရင်ပိုတောင်ရင်ခုန်ရမှာ''

"အင်း ငါမစောင့်နိုင်တော့ဘူး''

"ငါကTaeတစ်ယောက်ကိုတာဝန်ယူနိုင်တယ်''

"ဟင်''

"Taeရဲ့မိသားစုလောင်းရိပ်ကနေထွက်ခဲ့ပါTaeမနာကျင်ရဖို့ငါတာဝန်ယူပါတယ်''

"Jungkook''

မျက်ရည်တွေဝေ့သီလာတဲ့Taeကအားနည်းတဲ့ကလေးတစ်ယောက်ပင်အသက်အရွယ်နဲ့မမျှအောင်Taeခံစားခဲ့ရတာတွေကဆိုးဝါးလွန်းသည်။အပြင်ပိုင်းဒဏ်ရာကိုကုသဖို့လွယ်ပေမဲ့စိတ်ထဲအမြစ်တွယ်နေတဲ့ဒဏ်ရာကိုဖြင့်ကုသရန်ခက်သည်။

"မျက်ရည်မကျနဲ့Taeငါမင်းမျက်ရည်တွေကိုသဘောမကျဘူးအဲ့ဒီအစားငါ့အပေါ်ကိုပွင့်လင်းပေးပါTaeကဘယ်ဟာကိုတော့ကြိုက်တယ်ဘာကိုတော့မကြိုက်ဘူးနွေထက်ဆောင်းကိုပိုကြိုက်တယ်တောင်ထက်ပင်လယ်ကိုသဘောကျတယ်အဲ့လိုမျိုးပေါ့

ငါကTaeရဲ့အတိတ်ကိုဂရုမစိုက်သလိုTaeကလည်းလက်ရှိငါ့အနားမှာပျော်နေပေးရင်ကောင်းမယ်''

"Jungkookမင်းဘာလို့ငါ့အပေါ်ဒီလောက်ကောင်းပေးနေရတာလဲ''

"မမေးနဲ့Taeအဖြေကိုငါကစကားလုံးတွေထက်လက်တွေ့နဲ့သက်သေပြပါ့မယ်''

Love Me OR Hate MeWhere stories live. Discover now