၁၂။ ဒေါက်တာနဲ့ ဂေါ်ဇီ (U)

12.5K 131 1
                                    

Warning ⚠️ (Must Read)

အပိုင်းတွင် ပွင့်လင်းကြမ်းတမ်းသောလိင်ပိုင်းဆိုင်ရာအပြုအမူနှင့် အသေးစိတ်ရေးသားထားသော လိင်ဆက်ဆံခြင်းများပါဝင်ပါသဖြင့် စာဖတ်သူများဆင်ခြင်နိုင်ရန် ဦးစွာသတိပေးအပ်ပါသည်

• • •

This chapter contains explicit sexual behavior and fully described sexual intercourse, so readers should be aware beforehand.

________________________________
________________________________

"ဦးရေဦး ... "

ကွပ်ပျစ်ပေါ်တွင်ထိုင်ကာ ပန်းများပုံ၍ စီးနေသော ဂေါ်ဇီက ဝေယံကိုမော့မကြည့်။

"အေး ဘာတုန်းကွ"

"ခြံရှေ့မှာ လမ်းထိပ်ကဆရာဝန်လေးရောက်နေတယ်ဗျ။ ဦးနဲ့ တွေ့ချင်လို့တဲ့"

ဆရာဝန်လေးဆိုတော့ ဂေါ်ဇီကျေနပ်ပြုံးပြုံးလိုက်သည်။

"ဪ ဟုတ်လား ပန်းမှာမလို့ထင်တယ် အထဲဝင်ခိုင်းလိုက်လေ မင်းလဲပြန်တော့ ညနေစောင်းနေပြီ ဒီမှာလုပ်အားခ မနက်ဖြန်လဲနားလိုက်ဦး မင်းအမေကြီးကလဲနေကောင်းတာမဟုတ်ဘူး သေချာဂရုစိုက်ပေးလိုက်ဦး"

"ဟုတ်ကဲ့ .. ဟုတ်ကဲ့ ဒါဆို ကျတော် ပြန်လိုက်တော့မယ် ခြံတံခါးပိတ်ခဲ့လိုက်မယ်နော်"

"အေးအေး ..."

ဝေယံက လုပ်အားခကိုယူကာ ခြံရှေ့တွင် မျက်နှာကြီးရဲကာ ဖင်တလိမ်လိမ်ဖြင့်ရပ်နေသော ဆရာဝန်လေးကိုကြည့်၍

"ဦးကအထဲဝင်လာခဲ့လိုက်တဲ့ ခင်ဗျား အိမ်သာတက်ချင်ရင် တည့်တည့်ကိုသွားပြီး ညာချိုးလိုက် ခပ်လှမ်းလှမ်းလေးမှာ အိမ်သာရှိတယ်"

"အေး.. အေးပါကွာ ကျေး...ကျေးဇူးပဲ"

စကားတွေတထစ်အအဖြစ်နေသော ရှိုင်းကိုနားမလည်သောအမူအရာဖြင့်ကြည့်ကာ ခြံတံခါးပိတ်၍ အိမ်ပြန်သွားခဲ့သည်။

ရှိုင်းက ပန်းခြံထဲကနေဖြတ်ကာ လျှောက်လာတော့ ကွပ်ပျစ်ပေါ်တွင် ကျကျနနထိုင်ကာ ပန်းတွေစီးနေသော ဂေါ်ဇီ့ကိုတွေ့ရသည်။

(21+) ဂေါ်လီကြိုက်တဲ့ဂေါ်ဇီWhere stories live. Discover now