Warning ⚠️ (Must Read)
ဤအပိုင်းတွင် ပွင့်လင်းကြမ်းတမ်းသောလိင်ပိုင်းဆိုင်ရာအပြုအမူနှင့် အသေးစိတ်ရေးသားထားသော လိင်ဆက်ဆံခြင်းများပါဝင်ပါသဖြင့် စာဖတ်သူများဆင်ခြင်နိုင်ရန် ဦးစွာသတိပေးအပ်ပါသည်။
• • •
This chapter contains explicit sexual behavior and fully described sexual intercourse, so readers should be aware beforehand.
________________________________
________________________________နေ့လည်စာစားပြီးတော့ အိမ်ရှေ့ကွပ်ပျစ်တွင်ရေနွေးကြမ်းအိုးတစ်အိုး၊ စာရင်းစာအုပ်တစ်အုပ်နှင့် ငွေထည့်ထားသည့် ပိုက်ဆံအိတ်ကိုဘေးနားချကာ ဂေါ်ဇီငွေတိုးပေးစားသည့်အလုပ်ကို စလုပ်ရှာသည်။
ကြက်သားသည်ကိုတိုးက တစ်သောင်းခွဲ၊ ဟင်းရွက်သည်မထားက ငါးထောင့်ငါးရာ၊ ပဲပြုတ်သည်ကိုရွှေက နှစ်သောင်းနှစ်ထောင် ... စသည်ဖြင့်စာရင်းများကို ပြန်ကြည့်ရင်း ခြံထဲဝင်လာသမျှ သူတွေကို အကြွေးလာပေးတဲ့သူကပေး လာယူသည့်သူကယူနှင့် အလုပ်ရှုပ်နေတော့သည်။
မနက်ခင်းပဲပန်းရောင်းတော့ ဝေဖြိုးကလည်း ပြန်မလာတော့ပါ။
ညနေစောင်းရောက်သည်အထိ တစ်ယောက်ထဲ ကွပ်ပျစ်ပေါ်တွင် အေးဆေးပိုက်ဆံရေရင်း အလုပ်ထိုင်လုပ်နေလိုက်သည်။
"ကျေးဇူးပဲ ကိုဂေါ်ဇီရယ် နောက်ကိုသေသေချာချာပြန်ဆပ်ပါ့မယ်"
ပိုက်ဆံရသွားတဲ့သူတွေက် စပ်ဖြီးဖြီးဖြင့် ခြံထဲမှခပ်သုတ်သုတ်ထွက်သွားကြသည်။ ညနေလည်းစောင်းပြီဆိုတော့ ဂေါ်ဇီလည်း အလုပ်သိမ်းပြီ။
ခြံတံခါးထွက်ပိတ်မည်လုပ်တော့ အလောတကြီးပြေးလာသော ရာကွပ်။
"ဆရာကြီး နေပါဦးဗျ..."
လက်ထဲမှာ ပုဆိုးလေးနှစ်ထည်ကို ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး အပြေးလေးလာသဖြင့် ဂေါ်ဇီဖွင့်ပေးလိုက်သည်။
"ရာကွပ်ပါလား အေးဟုတ်သား မင်းလာမယ်ဆိုတာ မေ့နေတာ လာလာ အထဲဝင်... ခြံတံခါးတော့ပိတ်ခဲ့ကွာ ငါဒီနေ့အပို့ငွေပေးတာတော်ပြီ ထပ်လာရင်လက်မခံချင်တော့လို့"
"ဟုတ်ကဲ့ ... ဟုတ်ကဲ့"
ရာကွပ်က ခြံတံခါးကိုပိတ်ကာ သော့ချိတ်၍ နောက်မှလိုက်ဝင်လာသည်။
KAMU SEDANG MEMBACA
(21+) ဂေါ်လီကြိုက်တဲ့ဂေါ်ဇီ
Acakဒွိလိင် (အပြာစာ) အသက်ပြည့်မှဖတ်ပါ။ အပြာစာပါ၊ ကြမ်းပါတယ်။ sex အသားပေးရေးထားတာမလို့ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ရှောင်ကြပါ။ Cover from Pinterest